======================================
ယုတ်မာကောက်ကျစ်သော အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်၏ အန္တရာယ်မှ ရှောင်ရှားနိုင်ရေးအတွက် ပြည်သူများအနေဖြင့် ဖေ့ဘုတ်စ် လူမှုကွန်ရက် Profile များကို Lock ချထားကြရန် သတိပေးနှိုးဆော်ပါသည်။
Khit Thit Media ၏ Facebook လူမှုကွန်ရက်မှ ပို့စ်တစ်ခုကို Love React ပေးမှုဖြင့် အသက် ၆၂ နှစ်အရွယ် ရုပ်ရှင်ဒါရိုက်တာသက်လွင်(ခ) ဇမ္ဗူထွန်းသက်လွင်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့သည်။
အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်တပ်မှာ အလွန်ယုတ်မာ ကောက်ကျစ်လာနေသဖြင့် ပြည်သူများအနေဖြင့် Khit Thit Media ၏ ဖေ့စ်ဘုတ်စ် သတင်းပို့စ်များကို Like နှင့် Love လုပ်ခြင်း၊ Share ခြင်းနှင့် Comment ပေးခြင်းတို့ကို လုပ်ဆောင်ရာတွင် မိမိတို့၏ ဖေ့ဘုတ်စ်အကောင့်များ၏ Profile များကို Lock ချထားကြရန် အထူး(အထူး) သတိပေးနှိုးဆော်အပ်ပါသည်။
Khit Thit Media ကို ဖေ့ဘုတ်စ်တွင်သာမက Youtube စာမျက်နှာဖြစ်သော https://www.youtube.com/@KhitThitMedia တွင်လည်းကောင်း၊ တယ်လီဂရမ် ပလက်ဖောင်းဖြစ်သော https://t.me/khitthitnews တွင်လည်း ကောင်း ဘေးကင်းလုံခြုံစိတ်ချစွာဖြင့် သတင်းများကို သွားရောက် ဖတ်ရှု နားဆင်နိုင်ပါသည်။
Khit Thit Media အနေဖြင့် ပြည်သူများနှင့်အတူ ဆက်လက် ရပ်တည်ပြီး သတင်းများကို အချိန်နှင့်တပြေးညီ အမြဲမပြတ် ဆက်လက် တင်ဆက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။




