27 C
Yangon

TNLA နှင့် စစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လေကြောင်းအန္တရာယ် သတိထားကြရန် ပြည်သူများကို TNLA က သတိပေး

Must read

ရန်ကုန်၊နိုဝင်ဘာ ၁

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က သတိပေးထုတ်ပြန်သည်။

တအာင်း TNLA က သိမ်းပိုက်ထားသော နယ်မြေများကို စစ်တပ်က အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ တော်များ အပါအဝင် ပြည်သူ ၄၉ ဦးသေဆုံးပြီး ၇၁ ဦးထိခိုက်ဒဏ်ရာရကြောင်း TNLA က သတင်းထုတ် ပြန်သည်။

အောက်တိုဘာလအတွင်း စစ်တပ်က လေကြောင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သံဃာတော် ၂ ပါး၊ က လေး ၁၀ ဦး၊ အမျိုးသား ၁၆ဦးနှင့် အမျိုးသမီး ၂၁ ဦးသေဆုံးသွားခဲ့ပြီး သံဃာတော် ၆ ပါး၊ ကလေး ၂၆ ဦး၊ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၇၅ အိမ်၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းကြီးကျောင်း ၇ ကျောင်း ၊ ကျောင်းဆောင် ၉ ဆောင်၊ အဆောက်အဦး ၆ ခု၊ မွေးမြူးရေးခြံ ၂ ခြံ၊ ဆိုင်ခန်း ၅ ခန်း၊ လက်ဖက်စက်ရုံ ၁ ရုံ၊ ဆိုင်ကယ် ၄ စီးနှင့် ကား ၁၀ စီးတို ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ကျောက်မဲမြိုနယ်ရှိ ပြည်သူလူထုများကို ဦးတည်၍ ဂျက်ဖိုက်တာနှင့် ဒရုန်းဖြင့် ၃ ကြိမ်လာရောက်ကျဲချတိုက် ခိုက်ခဲ့သောကြောင့် သံဃာတော် ၂ ပါးထိမှန်ဒဏ်ရာရရှိကာ ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ ဆွမ်းစားဆောင် ၁ ဆောင်နှင့် အဆောက်အဦး ၃ ခုတို ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း ၊ ထို့အပြင် နမ္မတူမြို့နယ်လည်း စစ်ကောင်စီတပ်က လေကြောင်းနှင့် ဒရုန်းကိုအသုံးပြု၍ ၇ ကြိမ်ဖြင့် ကျဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီးကလေး ၂ ဦး၊အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၁ အိမ်၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်း ကြီးကျောင်း ၁ ကျောင်းနှင့် ကျောင်းဆောင် ၆ ဆောင်တို့ ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ မန်တုံမြိုနယ်တွင်လည်း စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ်လာရောက်ကျဲချတိုက်ခိုက်မှုကြောင့် နေအိမ် ၆ အိမ်ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ သီပေါမြို့တွင်လည်း စစ်တပ်က ဂျက်ဖိုက်တာ ၆ ကြိမ်ဖြင့် ဗုံးများကျဲချတိုက်ခိုက်ခဲ့သော ကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂၄ အိမ်၊ စာ သင်ကျောင်း ၂ ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် အဆောက်အဦး ၁ ခုတို့ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

မိုင်းလုံမြို့နယ်တွင်လည်း စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်လာရောက်ကျဲချသောကြောင့် သံဃာတော် ၂ ပါး၊ ကလေး ၃ ဦး၊ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၅ ဦးတို သေဆုံးခဲ့ပြီး သံဃာတော် ၄ ပါး၊ ကလေး ၂ ဦး၊ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၈ အိမ်၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် ကျောင်းဆောင် ၁ ဆောင်တိုထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မိုင်းငေါ့မြိုနယ်တွင်လည်း စစ်တပ်က ဂျက်ဖိုက်တာ ၃ကြိမ်ဖြင့် ဗုံးများကျဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၈ အိမ်၊ ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ ကျောင်းဆောင် ၁ ဆောင်နှင့် ဆိုင်ခန်း ၅ ခန်းတို့ ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ ယင်းအတူ နမ့်ဆန်မြို့နယ်တွင်လည်း စစ်တပ်က ဂျက်ဖိုက်တာကို အသုံးပြု၍ ၆ ကြိမ်ဖြင့် ဗုံးများကျဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေး ၂ ဦး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၉ ဦးသေဆုံးခဲ့ပြီးကလေး ၉ ဦး၊အမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၄ ဦးထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။

မိုးကုတ်မြို့နယ်တွင်လည်း စစ်တပ်က ဂျက်ဖိုက်တာ ၄ ကြိမ်ဖြင့် ဗုံးများ ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေး ၃ ဦးနှင့် အမျိုး သား ၁ ဦးသေဆုံးခဲ့ကြောင်း၊ မိုးမိတ်မြို့နယ်တွင်လည်း ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်ကျဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေး ၂ ဦး၊ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ကလေး ၁ ဦး၊ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၄ အိမ်နှင့် ကား ၁ စီးတို့ ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article