27 C
Yangon

မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှု စစ်တပ်ဘက်မှ အထိနာပြီး ပိတ်မိနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်သို့ ဝင်ရောက်လာသောကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ စစ်တပ်ဘက်မှ အထိနာနေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့မှစ၍ ယနေ့အချိန်အထိ လေးကေ့ကော်မြို့သစ်ဘက်သို့ အ ကြမ်းဖက်စစ်တပ်နှင့် BGF တပ်များပူးပေါင်းပြီး စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာခဲ့ရာ ရသေ့ဂူ၊ ကျော်ဝါးဘိုးတောင်ပေါ်သို့ ရောက်ရှိလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ မိုင်း ကွင်းအတွင်း ကျွံဝင်သွားပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်သား အများအပြားသေဆုံးကာ ရုပ်အလောင်းများစွာ ကျန်ရှိနေကြောင်း သိရှိရသည်။

ထိုသို့ ပိတ်နေသော အကြမ်းဖက်စစ်ကြောင်းကို ကယ်ထုတ်နိုင်ရန် လေကြောင်း၊ ဒရုန်း၊ မစ်ဇိုင်းများ ဖြင့် တိုက်ခိုက်နေသော် လည်း စစ်တပ်စစ်ကြောင်းမှာ ဆက်လက်ပိတ်မိနေပြီး ပြန်ဆုတ်မရဖြစ်နေ သည်ဟု ဆိုသည်။

“စစ်တပ် စစ်ကြောင်းတွေ လေးကေကော် ရသေ့ဂူ၊ ကျော်ဝါးဘိုး တောင်ကျောပေါ်မှာ မိုင်းကွင်းတွေ ထဲ စစ်ကြောင်း ကျွံ ဝင်သွားပြီး ပိတ်မိနေတယ်။ အဲဒီ စစ်ကြောင်းတွေကို KNLA မဟာမိတ်တပ်တွေ က ဖြတ်တောက် တိုက်ခိုက်နေလို့ အကျအဆုံးများနေတာ။ စစ်တပ်က လေကြောင်းပစ်ကူ၊ ဒရုန်း၊ မစ်ဇိုင်းပသ်ကူပေးပြီး ပြန်ဖောက် ထွက်ဖို့ လုပ်နေပေမယ့် ဆက်လက် ပိတ်မိနေပြီး ချေမှုန်း တိုက် ခိုက်ခံနေရလို့ အလောင်းတွေ ပုံနေတယ် ၊ တိုးလားသမျှ ပစ တွေ သေနေတာ မနည်းဘူး၊ ပြန်ဆုတ် လို့လည်း မရ ဘူးဖြစ်နေပြီ” ဟု KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောကြားသည်။

ထို့အပြင် မင်းလက်ပံရွာမှ ဖလူးရွာဘက်သို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ လည်း မင်းလက်ပံ ပြောင်းကွင်း ၊ တောင်ကုန်း များဘက်တွင် ဖြတ်တောက်တိုက်ခိုက်ခံနေရကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်စစ်တပ်က အယောင်ပြဝင်ရောက်စီးနင်းခဲ့သည့် ကျားဖြန့်အခြေစိုက်ရာ KK Park အ တွင်း ရှိ ကား၊ ဆိုင်ကယ်၊ လျှပ်စစ်ပစ္စည်းများကို BGF တပ်ဖွဲ့က မြဝတီမြို့သို့ သယ်ဆောင်ကာ ရောင်းစားနေကြောင်း ၊ ယင်းကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ အဆောက်အအုံများကို ဗုံးခွဲဖြိုချသည့် ရုပ်သံ ဗွီဒီယို၊ ဓာတ်ပုံများကို ရိုက်ကူးကာ ဝါဒဖြန့်ချိရန် လုပ်ဆောင်လျက်ရှိပြီး ယင်းအဆောက်အအုံ ပုံစံများကို ရွှေကုက္ကိုလ်မြို့သစ်တွင် ပြန်လည်တည်ဆောက်ရန်ရှိသည်ဟု သိရှိထားကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“ကျားဖျန့် KK park မှာ တရုတ်တွေက ချန်ထားခဲ့တဲ့ ကား ၊ ဆိုင်ကယ်၊ လျှပ်စစ် ပစ္စည်းတွေကို BGF က မြဝတီဘက် သယ်ပြီး ရောင်းစားနေတယ်၊ စစ်တပ်က KK park ထဲမှာ တပ်စွဲထားသယောင် သ တင်း လွှင့်ထားတယ်၊ ပြီးတော့ နေ့တိုင်း အဆောက်အအုံတွေကို ဗုံးခွဲဖြိုချ ရှင်းလင်းတဲ့ ဓါတ်ပုံ /ရုပ် သံတွေ ရိုကိပြီး ဝါဒဖြန့် ဖို့ စစ်တပ်ကို BGF က သတင်းပို့ပေးရတယ်။ KK park ၃ ထပ် ၅ ထပ် ၊၂ထပ် အဆောင်တွေ ဖြိုချပြီးရင် ရွှေကုက္ကိုလ်ထဲမှာ ၁၀ ထပ်၊ ၁၅ ထပ် အထပ်မြင့်တွေ ပြန်ဆောက်ဖို့ပြင်နေကြတယ်” ဟု ကရင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article