22 C
Yangon

တောင်သာနှင့်ဖြူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ Gyrocopter တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ရွှေသံဘိုရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် ရွှေသံဘိုရွာကို မိတ္ထီလာ ရှမ်းတဲ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ရွှေသံဘိုရွာတွင် နေထိုင်သော ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ မနေ့က ည ၈ နာရီလောက်မှာ ရွှေသံဘိုကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၁ ဦးသေဆုံးတယ်လို့ သိရတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာနေပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ လေကြောင်တိုက်မှုများ အချိန်မရွေးပြုလုပ်တက်သောကြောင့် ပြည်သူများ သတိပြုနေထိုင်ကြပါရန် ဒေသတွင်း တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။

အလားတူ ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ပဲခူးတိုင်း ဖြူးမြို့နယ်၊ မန်ကျည်း ကုန်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ် တပ်၏ မုန်းမြို့အ‌ခြေစိုက် ခမရ ၅၉၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃၊အာဠာဝကစစ်ကြောင်း ကထုတ်ပြန်ထားသည်။

ထို့နောက် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ Gyrocopter ၂ စီးသည် မန်ကျည်းကုန်းတောင်ရွာရှိ နေအိမ်များကို ဗုံး ၂ လုံးထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများအတွင်း မန်ကျည်းတောင်ရွာသား အသက် ၅၅ နှစ်အရွယ် ဦးမောင်ငယ် ဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့် ဖြင့် သေဆုံးခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်းသိရသည်။

ယင်းသို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စက်တပ်၏ Gyrocopter ၁ စီးသည် ပဒက်ခင်ရွာနှင့် တံခွန်တိုင်ရွာ အကြားတွင် ပျက်ကျခဲ့ပြီး မောင်းနှင်းသူ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article