30 C
Yangon

မြ၀တီမြို့မှ မုဒိမ်းမှုများ၏ တရားခံ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မဘသ အစွန်းရောက် စိုင်းမျိုးညွန့်ဦးကို စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ်အစိုးရက စီမံထူးချွန်တတိယအဆင့်ဆု ချီးမြှင့်

Must read

ရန်ကုန်၊ နိုဝင်ဘာလ ၇

ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် အသက်မပြည့်သေးသော ကျောင်းသူအရွယ် မိန်းကလေးငယ်များ အပါအဝင် မုဒိမ်းမှုများ၏ တရားခံ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မဘသ အစွန်းရောက် စိုင်းမျိုးညွန့်ဦးကို စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ်အစိုးရက စီမံထူးချွန်တတိယအဆင့်ဆု ချီးမြှင့်လိုက်ကြောင်း သိရှိရသည်။

ယနေ့ ကျရောက်သည့် နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် စစ်တပ်လက်အောက်ခံ ကရင်ပြည်နယ်အစိုးရက အထက်ပါအတိုင်း စိုင်းမျိုးညွန့်ဦးကို စီမံထူးချွန်မှု တတိယအဆင့် ဆုကို ချီးမြှင့်ခြင်းလည်းဖြစ်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ မဘသအစွန်းရောက် တစ်ဦးလည်းဖြစ်သူ စိုင်းမျိုးညွန့်ဦးက ရဲရင့်ယဉ်ကျေးနာမည်ဖြင့် ဓမ္မစကူးအခမဲ့ စာသင်ကျောင်းဖွင့်ကာ အသက်မပြည့်သေးသော မိန်း ကလေးငယ်များ အပါအဝင် ကျောင်းသူ ၁၀ ဦးထက်မနည်းကို မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်ဆိုင် အမြတ်ထုတ်မှုများ ကျူးလွန်ခဲ့သူဖြစ်ကြောင်း ကျူးလွန်ခံရသော မိန်းကလေးငယ်များက တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

စိုင်းမျိုးညွန့် ခေါ် ငစိုင်းသည် မြ၀တီမြို့နယ်၊ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည့်အပြင် စစ်တပ်ထောက်ခံသော မဘသ အစွန်းရောက်၊ အမျိုးသားရေးအစွန်းရောက်တစ်ဦးလည်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ကတည်းက မဘသအဖွဲ့နှင့် စစ်တပ်ထောက်ခံရေးတွင် ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားသူဖြစ်သည်။ ဓမ္မစကူးကျောင်းများ ခေတ်စားအချိန် မြ၀တီမြို့နယ်တွင်လည်း ရဲရင့်ယဉ်ကျေးနာမည်ဖြင့် ဓမ္မစကူးအခမဲ့ စာသင်ကျောင်းဖွင့်ကာ အသက်မပြည့်သေးသော မိန်းကလေးငယ်များကို ကျောင်းသူအဖြစ် လက်ခံသင်ကြားပေးခဲ့သည်။

ထိုသို့ ကျောင်းသူ မိန်းကလေးငယ်များကို လက်ခံ သင်ကြားပေးရင်း ၂၀၁၇ – ၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွင်း အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသူတစ်ဦး နေထိုင် သောအခန်းအတွင်းအထိ ဝင်ရောက်ကာ မုဒိမ်းကျင့်ခဲ့ပြီး မည်သူ့ကိုမျှ ဖွင့်မပြောရန် ခြိမ်းခြောက်ခဲ့ ကြောင်း၊ ထို့အပြင် ကိုယ်ဝန်တားဆေးများကိုလည်း တိုက်ခဲ့ပြီး တရားဝင်ယူမည်ဟုဆိုကာ အတင်း အကျပ်စာချုပ်ကို လက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။

အလားတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အခြားမိန်းကလေးငယ်များကိုလည်း မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင် ဆိုင် ရာ မြတ်ထုတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး မိန်းကလေးစုစုပေါင်း ၁၀ ဦးကျော်ရှိပြီး ဓမ္မစကူး ကျောင်း တည်ထောင်သူအဖြစ်လည်းကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းနေသူ အဖြစ်လည်းကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း ထင်ရှားကျော်ကြားနေသဖြင့် မည်သည့်အဖွဲ့အစည်းကမျှ အရေးယူခြင်းမရှိကြောင်း သိရသည်။

ကျောင်းသူမိန်းကလေးငယ်များကို မုဒိမ်းမှုကျူးလွန်ခြင်း၊ လိင်မြတ်ထုတ်ခြင်း ကျူးလွန်ခဲ့သူ စိုင်းမျိုးညွန့် သည် အသက် ၄၈ နှစ်အရွယ်ခန့်ရှိပြီး အိမ်ထောင်ကွဲထားသူတစ်ဦးဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ များထားသည့် ဘော်ဒါဆောင်အနောက်ဘက်၌ မိသားစုဝင်များနေထိုင်ကြောင်း၊ သားတစ်ဦး၊ သမီးတစ် ဦး ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် မြ၀တီမြို့ အမှတ် ၅ ရပ်ကွက်အုပ်ချုပ် ရေးမှူးအဖြစ်ဝင်ရောက်လုပ်ကိုင်ကာ စစ်တပ်လက်အောက်ခံ BGF ၊ DKBA အဖွဲ့ အပါအဝင် စစ်တပ်နှင့် အဆင်ပြေသော ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လက်နက်မှောင် ခိုရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးပါဝင်ခြင်း၊ ပြည်သူ့စစ် ခေါ်ပျူစောထီးအဖြစ် တာဝန်ယူခြင်းများကို စိုင်းမျိုးညွှန့်ဦးက လုပ်ဆောင်လျက်ရှိသည်။

ဥယခုအောက်တိုဘာလဆန်းပိုင်းအတွင်း စိုင်းမျိုးညွန့် ကျူးလွန်ခဲ့သော မုဒိမ်းကျင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့်ပတ်သက်၍ မဲဆောက်တွင် ကာယ ကံရှင် မိန်းကလေးငယ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တရားမျှတမှု ရရှိရေး ကြိုးစားနေသော်လည်း လက်ရှိ နိုင်ငံရေးအခြေအနေအရ စိုင်းမျိုးညွန့်ကို အရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

စိုင်းမျိုးညွန့်က သူ၏ ဖေ့ဘုတ်စ်တွင် မဘသ အစွန်းရောက် သင်္ကန်းဝတ် ဝီရသူ၊ ဝင်းကိုကိုလတ် အပါအဝင် အစွန်းရောက်များ၊ စစ်တပ်လက်အောက်ခံ ကရင်လက်နက်ကိုင်များနှင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ဝေဝေဆာဆာ မျှဝေသည်ကိုတွေ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article