25 C
Yangon

လောင်းလုံးမြို့နယ်တွင် စစ်တပ်က တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနိုင်ရန် စစ်ကြောင်းထိုး၍ အိမ်ထောင်စု စာရင်းများ လိုက်ကောက်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနိုင်ရန် စစ်ကြောင်းထိုး၍ အိမ်ထောင်စု စာရင်းများ လိုက်ကောက်နေကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလအတွင်း အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ် အတွင်းရှိ မောင်းမကန်ဒေသ၊ ကမြောကင်းဒေသနှင့် လောင်းလုံး-ရေဖြူ အကြားရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်၍ တရားမဝင် ရွေးကော်ပွဲအတွက် မဲစာရင်းပြုစုနိုင်ရန် အိမ်ထောင်စု စာရင်းများ လိုက်ကောက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် လောင်းလုံးမြို့ပေါ်နှင့် ကျေးရွာများရှိ ပြည်သူများသည် စစ်ဘေးတိမ်းရှောင်နေရခြင်းကြောင့် အကြမ်းဖက် စစ်တပ်က မဲစုနိုင်ဘဲ အင်အားသုံး၍ စစ်ကြောင်းထိုးပြီး အိမ်ထောင်စု စာရင်းလိုက်ကောက်ပေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

” အခုစစ်ခွေးတွေဆီမှာရှိနေတဲ့ စာရင်းက အရင်ကလူဦးရေ စာရင်းအဟောင်းကြီးဆိုတော့ မဲစာရင်းမပြုစုနိုင်ဘူး။ အဲတာကြောင့် စစ်ခွေးတွေက သူတို့ စစ်ကြောင်းလှုပ်ရှားနေတဲ့ မောင်းမကန်၊ ကမြောကင်းနဲ့ လောင်းလုံး-ရေဖြူ အကြားပေါ့ သူတို့ စစ်ကြောင်းလှုပ်ရှားနေတဲ့ နေရာတွေမှာ ပြည်သူတွေကို အိမ်ထောင်စု စာရင်းကောက်တာ ဓာတ်ပုံရိုက်ပြီး ယူသွားတာတွေ လုပ်ဆောင်နေတာ” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး ရွာထဲမှ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသောပြည်သူများ အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲ၌ မဲထည့်ကြရန် စည်းရုံးပြောဆိုခဲ့ပြီးနောက် အိမ်ထောင်စု စာရင်းများ ကောက်ခံသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article