22 C
Yangon

ရှေ့နေဦးကိုနီ သတ်ဖြတ်ခံရမှုတွင် အဓိကကြိုးကိုင်သူ တရားခံအဖြစ် သံသယရှိခံရသူ ၊ မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်း လင်းဇော်ထွန်းက မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွတ်ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

ရန်ကုန်မြို့တွင် NLD ပါတီ၏ ဥပေဒအကြံပေး ရှေ့နေဦးကိုနီ သတ်ဖြတ်ခံရမှုတွင် အဓိကကြိုးကိုင်သူ တရားခံအဖြစ် သံသယရှိခံရသူလည်းဖြစ်၊ မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်း လင်းဇော်ထွန်းက မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ကြံ့ဖွတ်ပါတီကိုယ်စားပြု ၍ ၂၀၂၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည်။

မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိဟောင်းလည်းဖြစ်၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် မိုင်းဖြတ်မြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်လည်းအဖြစ် အနိုင်ရရှိခဲ့သူ လင်းဇော်ထွန်းမှာ ယခုလာမည့် ၂၀၂၅ ရွေးကောက်ပွဲတွင်လည်း ကြံ့ဖွတ်ပါတီကို ကိုယ်စားပြု၍ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

လင်းဇော်ထွန်းသည် ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဥက္ကဋ္ဌလည်းဖြစ်သည်။ မင်းအောင်လှိုင်ကိုယ်ရေးအရာရှိလုပ်ခဲ့သူဖြစ်သည့်အပြင် ယခုအချိန်အထိလည်း မင်းအောင်လှိုင် ကိုးကွယ်သော ၀စီပိတ်ဘုန်းကြီးအတွက် ဝေယျာ၀္စနှင့် မင်းအောင်လှိုင် ညွှန်ကြားမှုများအတိုင်း လိုက်ပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

လင်းဇော်ထွန်းသည် မဘသ၏ အမာခံဒေါက်တိုင်ဖြစ်ပြီး မဘသနှင့် အမျိုးသားရေးအစွန်းများကို နောက်ကွယ်မှ လိုအပ်သမျှ ငွေကြေးထောက်ပံ့နေသော အမည်မဖော်လိုသော ဒေါက်တိုင် ထောက်ပံ့သူဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ဆိုသည်။ သူသည် ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုတွင် လင်းဇော်ထွန်းမှာ အဓိက ကြိုးကိုင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သော်လည်း မည်သည့်အရေးယူမှုမှ မခံရဘဲ လွတ်မြောက်ခဲ့သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ရန်ကုန်လေဆိပ်တွင် NLD ပါတီ၏ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို သေနတ်သမားကြည်လင်းက လုပ်ကြံသတ်ဖြတ်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုအပြီး တစ်လအကြာ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဗိုလ်ကြီးဟောင်းဇေယျာဖြိုး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မိုင်းဖြတ်လွှတ်တော်ကိုယ် စားလှယ် ဦးလင်းဇော်ထွန်း၊ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်တို့ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံခဲ့ပြီး ဦးကိုနီအကြောင်း ပြောဆိုဆွေးနွေးကြရာမှ လေဆိပ်တွင် လုပ်ကြံသည့်အမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ရှေ့နေဦးကိုနီ သတ်ဖြတ်ခံရသည့်အမှုတွင် အဓိက ကြိုးကိုင်ခဲ့သူ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်မှာ လုပ်ကြံမှု မလုပ်ဆောင်ခင် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး လင်းဇော်ထွန်းက အောင်ဝင်ခိုင်းကို ငွေကျပ် ၁ဝ သိန်း ချေးငှားခဲ့သော်လည်း လင်းဇော်ထွန်းမှာ ရှေ့နေ ဦးကိုအသတ်ခံရမှုအတွက် တရားစွဲမခံရခဲ့ပေ။

၂၀၂၀ ရွေးကောက်ပွဲတွင် လင်းဇော်ထွန်းမှာ မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များက မဲဆန္ဒရှင်များကို ရွာလုံးကျွတ် ကားအကြိုအပို့လုပ်၍ မဲထည့်ခိုင်းမှုများရှိခဲ့သဖြင့် ကန့်ကွက်မှု ခံခဲ့ရသူလည်းဖြစ်သည်။

ယင်းအပြင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့ မဲပေးမှု အပါ အဝင် ကြိုတင်မဲများ ကောက်ယူရာတွင် လင်းဇော်ထွန်းနှင့်ကြံ့ဖွတ်ပါတီက မမှန်မကန် လုပ်ဆောင်ခဲ့၍ SNLD နှင့် NLD ပါတီက ကန့်ကွက်ခဲ့ကြသည်။

ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်တွင် နမ့်ယွန်း ပြည်သူ့စစ်အဖွဲ့ တစ်ခု အခြေ စိုက်လှုပ်ရှားလျက်ရှိပြီး စစ်အရာရှိဟောင်း လင်းဇော်ထွန်းက နမ့်ယွန်းပြည်သူ့စစ်အဖွဲ့အပေါ် အလွန်ဩဇာညောင်းသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article