ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်၊ ကြံ့ဖွတ်အမာခံလည်းဖြစ်သူ မင်းမင်းဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း 9 Stars Underground Force, Bago Region မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ကြံ့ဖွတ်ပါတီဝင်လည်းဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ မင်းမင်းဦးကို ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ မင်းမင်းဦးသည် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ၂ ချက်၊ ကိုယ်ခန္ဓာတွင် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးခဲ့ကြောင်း၊ ပထမအကြိမ် လုပ်ကြံပစ်ခတ်ခဲ့စဉ်က သေဆုံးခဲ့ပြီဟု သတင်းလွှင့်ပြီး ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရာမှ ပြန်လည် ကောင်းမွန်လာခဲ့ကြောင်း၊ ဒုတိယအကြိမ်ပစ်ခတ်မှုတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မင်းမင်းဦးသည် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ပစ်ခတ်ခံခဲ့ရကြောင်း၊ ထိုသို့ ပစ်ခတ်စဉ်က တပည့် ၂ ဦးသာ သေဆုံးခဲ့ပြီး မင်းမင်းဦးမှာ မသေဘဲ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း၊ အူထွက်ဒဏ်ရာဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရာမှ ပြန်လည် ကောင်းမွန်လာ ခဲ့ကြောင်း သိရှိရသည်။
မင်းမင်းဦးသည် ပထမအကြိမ် လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သောအခါ ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာတွင် နေထိုင်ခြင်းမပြုတော့ဘဲ ဒိုက်ဦးမြို့၊ ဒရယ်မီးလမ်းဆုံ ၊ မီးပွိုင့်အနီး အိမ် ၁ လုံးဝယ်၍ နေထိုင်ခဲ့ကြောင်း၊ မင်းမင်းဦးမှာ ညောင်လေးပင်အခြေစိုက် ဗိုလ်မှူးနေလင်းနှင့် ပူးပေါင်း၍ စစ်မှုထမ်းအဖြစ် လူငယ်များကို ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်ကာ ပြည်သူလူထုကို နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် သေဆုံးသူ မင်းမင်းဦးမှာ ပဲခူးတိုင်း၊ ဒိုက်ဦး-ပြွန်တန်ဆာ-ညောင်လေးပင်အရှေ့ခြမ် မင်းမင်းဦးကဲ့သို့ ပင် ပြည်သူကို ဒုက္ခပေးနေသည့် ပစ်မှတ်များကို ထပ်မံရှင်းလင်းသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
“နောက်ထပ်ဘယ်လိုအရေးယူမှုတွေ ထပ်ပြီး အရှိန်မြင့်မလဲ ဆိုတာက ကျနော်တို့ 9 Stars UG အဖွဲ့ လက်လှမ်းမှီသမျှ နယ်မြေထဲက ပြည်သူကို ဒုက္ခ ပေးနေသူ မှန်သမျှ ရသလောက်စုံစမ်းဖော်ထုတ်ပြီး ရှင်းလင်းသွားမှာပါ” ဟု 9 Stars Underground Force, Bago Region မှ တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။






