28 C
Yangon

တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာ၌ တပ်စွဲထားသော စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး၊ အမျိုးသမီးများအပါအဝင် ပြည်သူ ၁၁ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် တောင်သာမြို့နယ်၊ မြင်းခြံ – ပုဂံ-ညောင်ဦးလမ်းမ ဘေး တမိုက်သာကျေးရွာ၌ အမျိုးသမီး ပျူစောထီးများအပါအဝင် အင်အား ၆၀ ခန့်ဖြင့် ယာယီဝင် ရောက်နေထိုင်းသည့် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦးသေဆုံးကာ ၅ ဦး အပြင်း အထန်ဒဏ်ရာရရှိပြီး ကြာပို့ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“စခန်းမဟုတ်ဘူး။ တမိုက်သာရွာမှာ တပ်စွဲထားတာပါ။ အပြီးသတ် မသိမ်းနိုင်ခဲ့ပါဘူး။ နောက်ဆက် တွဲ ထပ်တိုးသေတာ တော့မရှိဘူး။ ကြာပို့၊ တမိုက်သာ၊ မင်းကြိုက တောင်သာမြို့နယ်ထဲမှာပါ” ဟု မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား များ သေဆုံး နေ သည်ကို မျက်မြင်တွေ့ရှိခဲ့ရသော်လည်း မြေပြင်အနေအထားအရ လက်နက်ကောက် ယူနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ကြာပို့ကျေးရွာတွင် သေနတ်များပစ်ဖောက်ပြီး လက်ဖက်ရည်ဆိုင်၊ မုန့် ဟင်းခါးဆိုင်များမှ လူငယ် ၆ ဦးနှင့် မင်းကြိုကျေးရွာမှလည်း အမျိုးသမီးများအပါအဝင် ပြည်သူ ၅ ဦး တို့ကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article