ဒီကနေ့ နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံတဲ့ လှုပ်ရှားမှု ကမ်ပိန်းကို မကြာခင်မှာ ထုတ်လွှင့်နိုင်ဖို့ အတွက် အနုပညာရှင်တွေနှင့် အဆိုတော်တွေကို စစ်ကော်မရှင်က ဖိအားပေး တက်သုတ်ရိုက် ရိုက်ကူးရေး လုပ်ခိုင်းနေတယ်လို့ အနုပညာရှင်အသိုင်းအ၀ိုင်းက ပြောပါတယ်။
အကြမ်းဖက် စစ်ဗိုလ်ချုပ်တွေက အာဏာကို ဆက်လက်ဆုပ်ကိုင် ထားနိုင်ဖို့အတွက် တရားမဝင် ရွေးကောက်ပွဲ ကို ကြိုတင်ကြံစည်ထားတာကြောင့် ရွေးကောက်ပွဲမှာ အတု အယောင် သာဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ CRPH က ထပ်မံ ကြေညာလိုက်ပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ပြုလုပ်မယ့် အတုယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ ကြံ့ဖွတ်ပါတီရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




