27 C
Yangon

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ခမရ ၁၂၀ တပ်ရင်းသို့ ပို့ဆောင်ခံရသော စစ်မှုထမ်းတပ်သားသစ် ၆ ဦး ထွက်ပြေးလာစဉ် အရှင် ဖမ်းမိ၊ စစ်မှုထမ်းတပ်သား ၁ ဦးလည်း အလင်းဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်း တပ်သားသစ်အဖြစ် ခမရ ၁၂၀ တပ်ရင်းသို့ ပို့ဆောင်ခံရသူ ၆ ထွက်ပြေးလာစဉ် အရှင် ဖမ်းမိကြောင်း ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့၊ အောက်တိုဘာလ ၃၁ ရက်နေ့၊ နိုဝင်ဘာလ ၄ ရက်နေ့နှင့် နိုဝင်ဘာလ ၇ ရက်နေ့တို့တွင် ဝန်းသိုမြို့ နယ် အခြေစိုက် ခမရ ၁၂၀ တပ်ရင်းမှ ထွက်ပြေးလာသော ဒုတပ်စိတ်မှုး ၁ ဦး ၊ တပ်စိတ်မှုး ၁ ဦး အပါအဝင် စစ်မှုထမ်း တပ်သားသစ် ၆ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့ပြင် စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည်လည်း လက်နက်ခဲယမ်း ယူဆောင်လာခြင်းမရှိဘဲ ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ထံသို့ ချိတ်ဆက်၍ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အရှင်ဖမ်းမိခဲ့သော စစ်မှုထမ်း တပ်သားသစ် ၆ ဦးနှင့် အလင်းဝင်ရောက်ခဲ့သူ ၁ ဦးသည် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် ဝန်းသိုမြို့နယ် အခြေစိုက် ခမရ ၁၂၀ တပ်ရင်းသို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစစ်မှုထမ်း တပ်သားသစ် ၇ ဦးမှာ အပတ်စဉ် ၅ မှ တပ်သား ဇင်မင်း ၊ တပ်စိပ်မှူး အောင်ကိုဝင်း ၊ အပတ်စဉ် ၁၀ မှ တပ်သား အောင်မြင့်သိန်း၊ အပတ်စဉ် ၁၄ မှ တပ်သား အောင်ဖြိုးသူ ၊ အပတ်စဉ် ၁၅ မှ တပ်သား ဇော်မင်းထွန်း၊ ဒုတပ်စိပ်မှူး အောင်ကို ၊ အပတ်စဉ် ၄ မှ တပ်သား စောဌေး တို့ဖြစ်ကြောင်း သိရှိရသည်။

“သေနတ်တော့ မပါဘူး။ ၁ ဦးကတော့ ချိတ်ဆက်ဝင်ရောက်လာတာပါ။ ကျန်တဲ့ ၆ ဦးကတော့ ထွက်ပြေးခဲ့ကြတာပါ။ အားလုံးက ခရမ ၁၂၀ တပ်ရင်းတွေကပါ။ စစ်မှုထမ်းပေါ်တာဆွဲခံရသူတွေတပ်သားအဖြစ် လုပ်ခံခဲ့ရတဲ့သူတွေပေါ့။ တပ်သား၊ ဒုတပ်စိတ်မှုး၊ တပ်စိတ်မှုး၊ ကျန်တာက တပ်သားတွေပါ။ အားလုံးကတော့ သူတို့ကတော့ ပေါ်တာဆွဲခံရတဲ့သူတွေ အားလုံးက ပေါ်တာဆွဲခံရပြီးတော့မှ စစ်မှုထမ်း တပ်သားအဖြစ် စုဆောင်းခံရသူတွေပါ” ဟု ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် အလင်းဝင်ရောက်လာတဲ့သူကို ၇ ဦးစလုံးကို တော်လှန်ရေး ရဲဘော်များက စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ပြည်သူ့ရင်ခွင်ကို ပေးပို့မည်ဖြစ်ကြောင်း၊ လက်ရှိတွက် ဝန်းသိုမြို့နယ် ပကဖ အဖွဲ့တွင် ထိန်းသိမ်းထားပြီး စစ်ရာဇာဝတ်မှုများ ကျူးလွန်ခြင်းရှိမရှိကို မေးမြန်းပြီး ကျူးလွန်ပါက စစ်ခုံရုံးတွင် တရားစွဲဆို သွားမည်ဖြစ်ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာသူသည် လက်နက်ယူဆောင်လာခြင်းမရှိသောကြောင့် ဆုငွေချီးမြှင့်မည်မဟုတ်ကြောင်း ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article