22 C
Yangon

စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲကို တရားမျှတမှု မရှိသော ရွေးကောက်ပွဲအဖြစ် ပြည်သူ ၉၈ ရာခိုင်နှုန်း ယုံကြည်ဟု စစ်တမ်းက ဖော်ပြ

Must read

ရန်ကုန်၊ နိုဝင်ဘာလ ၉

အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလတွင် ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) က စစ်တမ်းကောက်ယူခဲ့ရာတွင် ပြည်သူ ၉၉ ရာခိုင်နှုန်းက အကြမ်းဖက်စစ်တပ်၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို လက်မခံဟု ဖြေဆိုခဲ့ပြီး ၉၈ ရာခိုင်နှုန်းက ရွေးကောက်ပွဲကို တရားမျှတမှု မရှိဟု ဖြေဆိုခဲ့ကြောင်း General Strike Coordination Body – GSCB က သတင်း ထုတ်ပြန်သည်။

ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) က စစ်တမ်းအရ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ ယုံကြည်ထားကြောင်း ပြည်သူ ၉၈ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြကြောင်း၊ အဆိုပါ စစ်တမ်းကို ပြည်သူ ၃၆၆၃ ဦးက ပါဝင်ဖြေဆိုခဲ့ကြခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ စစ်တမ်းကောက်ယူခဲ့ကြခြင်း ဖြစ်ကြောင်း၊ ဖြေဆိုကြသူများတွင် မြန်မာနိုင်ငံတွင်း ၈၅ ရာခိုင်နှုန်း၊ ပြည်ပရှိ မြန်မာနိုင်ငံသား ၁၅ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စစ်တမ်းကို မြို့နယ် ၂၇၁ မြို့နယ်မှ ပါဝင်ဖြေဆိုခဲ့ကြခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းမှ ဖြေဆိုသူ ၂၉ ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းမှ ဖြေဆိုသည် ၁၆ ရာခိုင်နှုန်းပါဝင်ဖြေဆိုခဲ့ကြခြင်းဖြစ်ကြောင်း General Strike Coordination Body – GSCB ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်တမ်း ဖြေဆိုသူများမှာ မြို့နယ် ၂၇၁ ခုမှ ပါဝင်ဖြေဆိုခဲ့ပြီး စစ်ကိုင်းတိုင်းမှ ၂၉ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းမှ ၁၆ရာခိုင်နှုန်း ပါဝင်ကြောင်း၊ မြို့ပြဒေသနေထိုင်သူ ၅၁ ရာခိုင်နှုန်း၊ မူလနေရာမှ ပြောင်းရွှေ့နေထိုင်သူ ၂၄ရာခိုင်နှုန်း ပါဝင်ဖြေဆိုခဲ့ကြကြောင်း သိရှိရသည်။

စစ်တမ်းဖြေဆိုသူများတွင် အသက် ၄၅ နှစ်အောက်အရွယ် ၇၀ရာခိုင်နှန်းရှိပြီး အသက် ၆၀ အထက် ၆ရာခိုင်နှုန်းဖြစ်ကြောင်း၊ အမျိုးသား ၅၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၈ရာခိုင်နှုန်းနှင့် LGBTQI+ သို့မဟုတ် မဖြေလိုသူမှာ ၂ရာခိုင်နှုန်း ပါဝင်ကြောင်း သိရှိရသည်။

Photo By Stephen Bugno

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article