28 C
Yangon

ညောင်လေးပင်တွင် မုဒိမ်းမှုကျူးလွန်ပြီး ပြည်သူများကို ညှဉ်းပန်း အနိုင်ကျင့်နေသော ပျူစောထီး ငမျိုး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာတွင် မုဒိမ်းမှုကျူးလွန်ပြီး ပြည်သူများကို ညှဉ်းပန်း အနိုင်ကျင့်နေသော ပျူစောထီး ငမျိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း 9 Stars Underground Force, Bago Region မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်အချိန် ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သူ မင်းမင်းဦး၏ တပည့်ဖြစ်သူ ပျူစောထီးငမျိုးကို ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ အလားတူ ယင်းနေ့တွင်ပင် တစ်ရက်တည်း ပျူစောထီးခေါင်းဆောင် မင်းမင်းဦးကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

” သူ့ဆရာ မင်းမင်းဦးကို ၅ ချက် ၊ တပည့်ဖြစ်တဲ့ ငမျိုးကို ၂ ချက် တစ်ရက်တည်း ၂ ကောင် ရှင်းလင်းခဲ့တာပါ။ တပ်ကို တိုက်ရိုက်သတင်းပေးနေတဲ့ ငမျိုးကို တော့ သူနေတဲ့ အင်းတဲ ကနေပဲ ချော့ခေါ်ပြီး စစ်တောင်မြစ်ဘေးမှာပဲ ကျည်နှစ်ချက်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။” ဟု 9 Stars Underground Force, Bago Region မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သေဆုံးသွားသော ပျူစောထီး ငမျိုးမှာ တော်လှန်ရေး အင်အားစုများ၏ မြေပြင်လှုပ်ရှားသတင်းများကို စုံစမ်းထောက်လှမ်းပြီး စစ်တပ်ထံသို့ တိုက်ရိုက်သတင်းပေးပို့ခြင်း ပြည်သူများကို အနိုင်ကျင့်ပြီ မုဒိန်းမှုအထိပါ ကျူးလွန်ရမ်းကားနေသူဖြစ်ကြောင်း၊ သူနှင့်မတည့်သူများကို PDF ထောက်ပို့ဟု အမည်တပ်ကာ ငွေညှစ်ခြင်း၊ စစ်မှုထမ်း ပေါ်တာဆွဲခြင်း လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် ပြည်သူများကို ဒုက္ခပေးနေသည့် စစ်တပ်၏ ဒေါက်တိုင်များကို 9 Stars UG အဖွဲ့ လက်လှမ်းမှီသမျှ ရှင်းလင်းသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူက သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article