28 C
Yangon

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အသက် ၄၇ နှစ် မြောက်အထိမ်းအမှတ်အဖြစ် စစ်ကောင်စီအတွက် အလုပ် လုပ်ပေးသူ မွတ်ဆလင်အကျဉ်းသား ၈၂ ဦးကို လွတ်ငြိမ်ချမ်းသာခွင့်ပြု

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

အာရက္ခတပ်တော် -AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အသက် ၄၇ နှစ်မြောက်မွေးနေ့အထိမ်း အမှတ်အဖြစ် စစ်ကောင်စီအတွက်အလုပ်လုပ်ပေးသူ မွတ်ဆလင်အကျဉ်းသား ၈၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော အာရက္ခတပ်တော်တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၏ အသက် ၄၇ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ (စစ် ကော်မရှင်) တပ်၊ ARSA၊ RSO စသည့် အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်မှုများကြောင့် ဖမ်းဆီး ထိန်းထိမ်းထားသူ၊ ပြစ်ဒဏ်ကျခံနေရသူ မူဆလင်လူမျိုး ၈၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက် ကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သူများသည် ၂၀၂၄ ခုနှစ်၊ တိုက်ပွဲကာလအတွင်းက အကြမ်းဖက် စစ် ကောင်စီ (စစ်ကော်မရှင်) တပ်အပါအဝင် ARSA၊ RSO စသည့် အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ် သက်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအနက်မှ ပြစ်ဒဏ်နည်းပါးသူများ၊ သက်ကြီး ရွယ်အိုများ၊ စစ်ကော်မရှင်ထံ စစ်သင်တန်းတက်ခဲ့ပြီး AA ထံ အလင်းဝင်ခဲ့သူများဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်လွှတ်ပေးသူများကို နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်၌ ပြန်လွှတ်ပေးလိုက် ခြင်းဖြစ်ပြီး ခရိုင်မူဆလင်ရေးရာကောင်စီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဂျူရီအဖွဲ့ဝင်များ၊ အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရ၏ ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ရှေ့မှောက်၌ ၎င်းတို့၏မိသားစုဝင်များထံ ပြန်လည်အပ်နှံကာ ကတိခံဝန်လက်မှတ်ရေးထိုး၍ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article