31 C
Yangon

ငါန်းဇွန်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

ရန်ကုန် ၊နိုဝင်ဘာ ၁၀

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Special Task Force ngazun မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘလ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ မြို့သာ ရဲစခန်းမှ စစ်ကား ၂ စီးနှင့် ခြေလျင် စစ်ကြောင်းတို့ဖြင့် ထွက်လာသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျွဲဇိမ်ရွာ အတွင်းသို့ ဝင်ရောက်ကာ နေအိမ်အတွင်းရှိ ရွှေ ၊ ငွေ နှင့် ပြည်သူများကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်လာပြီး မြို့သာဘက်သို့ စစ်ကြောင်း ပြန်ထွက်လာသောချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက ၄၀ မမ ဗုံး ၂ လုံးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးသေစာရင်း ထပ်တိုးသေတာမျိုးတော့မကြာရသေးဘူး။ စစ်ခွေး အင်အားကတော့ ၁၀၀ ကျော်လောက်ရှိတယ်။ စစ်ခွေး ၄ ဦးကတော့ နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ မြို့သာ ရဲစခန်းဘက် ပြန်အဝင်မှာ သေနတ်ပစ်ဖောက်ဝင်သွားတာပါ။ စစ်ခွေးဘက် ထိခိုက်ပျက်စီးတာမျိုးတော့ မကြားမိသေးဘူး။ ပြည်သူတွေအနေနဲ့ စစ်ခွေတွေနဲ့ ဝေးဝေးနေပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ မိုးကားအုပ်ပြီး ကားများကိုလဲ မမောင်းဖို့ မေတ္တာရပ်ခံပါတယ်” ဟု Special Task Force ngazun မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Special Task Force ngazun အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article