27 C
Yangon

ဒီပဲယင်းနှင့် ထီးလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ်များ မီးလောင်ပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်မှ စတင်ပြီး ညနေ ၆ နာရီကျော်ထိ မိတ္ထီလာရှမ်းတဲ ​လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီး နှင့် တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ဆပ်ပြာကျင်းကျေးရွာနှင့် ကျွန်းတောလေးကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဆပ်ပြာကျင်းကျေးရွာနှင့် ကျွန်းတောလေးကျေးရွာမှ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆပ်ပြာကျင်းကျေးရွာမှ နေအိမ် ၅ လုံးကျော် မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေ သေဆုံးတာတော့ မရှိဘူး။ ထိခိုက်ဒဏ်ရာရတဲ့သူတွေပဲ ရှိတယ်။ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၅ လုံးကျော် မီးလောင်ပြာကျသွားတယ်။ နောက်ပြီး နွားတွေလည်း ထိခိုက်သေဆုံးတာရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အလယ်ပိုင်းကျေးရွာအနီးကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၇ မိနစ်ခန့်မှစပြီး ၃၂ မိနစ်ခန့်အထိ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ လေယာဉ် ၁ စီးက ထီးလင်းမြို့နယ် အလယ်ပိုင်းကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေထိခိုက်ဒဏ်ရာတာမျိုးမရှိဘူး။ နေအိမ်ပျက်စီးတာမျိုးလဲ မရှိဘူး။ ထီးလင်း အလယ်ပိုင်း ကျေးရွာအနီး လမ်းဘေးနားတွေကို ကျတယ်လို့သိရတယ်” ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article