27 C
Yangon

ဝေါမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံစုံစမ်းနေသော မြစ်ကျိုးတိုက်နယ် နယ်ထိန်းရဲ ရဲဇင်မင်းသူ ပစ်ခတ်ခံရပြီး သေဆုံးနိုင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသော မြစ်ကျိုးတိုက်နယ် နယ်ထိန်းရဲ ရဲဇင်မင်းသူကို ပစ်ခတ်တိုက်ခိုက်ရာ ကျည် ၄ ချက်ထိမှန်ပြီး သေဆုံးနိုင်ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြစ်ကျိုးတိုက်နယ် နယ်ထိန်းရဲ ရဲဇင်မင်းသူကို တော်လှန်ရေး တပ်ဖွဲ့များက မြစ်ကျိုးစျေးထဲတွင် ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၄ ချက် ထိမှန်ကာ သေဆုံးနိုင်ကြောင်း၊ နယ်ထိန်းရဲ ရဲဇင်မင်းသူ ထံမှ ဖုန်း ၁ လုံးသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်ထိန်းရဲ ရဲဇင်မင်းသူသည် မြစ်ကျိုးတိုက်နယ်အတွက်း ပြည်သူကို အကြောင်းမဲ့ ရိုက်နှက်စစ်ဆေး၊ ဒုက္ခပေးငွေညှစ်ခြင်း ၊ဆိုင်ကယ်များကို မတရားဖမ်းဆီးခြင်း၊ ရွာတွင် လောင်းကစားဖွင့်ပြီး ရွာသားများကို အကျင့်စာရိတ္တပျက်အောင်လုပ် ဆောင်နေသည့် အပြင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ တော်လှန်ရေး တက်ကြွလှုပ်ရှားသူများနှင့် PDFများ၏ သတင်းကို လိုက်လံ စုံစမ်းနေသူဖြစ်ကြောင်း သိရှိရသည်။

“မြစ်ကျိုးနယ်ထိန်းရဲ ရဲဇင်မင်းသူ (ခ) ကြက်ကုလား ကို ရှင်းလင်းတုန်းက လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ ဖုန် ၁ လုံးပဲ သိမ်းဆည်းရရှိတယ်။ သူ့ကို ဆေးရုံကားနဲ့ တင်သွားတယ်လို့ သိရတယ်။ ကျည်က ၄ ချက်ထိတယ်။ သေဖို့များတယ်” ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို တိုက်ခိုက်မှုကို ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ ဒေါက်တိုင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့မှု။ (ပုံအဟောင်း အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article