24 C
Yangon

ဝက်လက်မြို့နယ်၊ လှတောရွာကို စစ်တပ်က ၂ နေရာခွဲ၍ မီးရှို့ဖျက်ဆီးမှု နေအိမ် ၈၀ ကျော်ပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာကို အကြမ်းဖက် စစ်တပ်က ၂ နေရာခွဲ၍ မီးရှို့ဖျက်ဆီးမှု နေအိမ် ၈၀ ကျော်ပြာကျခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် လှတောရွာထဲကို အကြမ်းဖက် စစ်တပ်၏ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ပြည်သူပိုင် နေအိမ်များကို ၂ နေရာခွဲ၍ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို စစ်ကြောင်းသည် ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှ ရောက်ရှိလာခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၈၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

“လှတောရွာကို စစ်ခွေးအင်အား ၁၀၀ လောက် ထပ်ဝင်ထားတယ်။ အဲထပ်ဝင်ထားတဲ့ စစ်ခွေးတွေက ဒီနေ့ မနက်ခင်း ၁၀ နာရီ ၂၅ မိနစ်တည်းက လှတောရွာကို ၂ နေရာခွဲပြီး မီးရှို့နေတာ မီးက ညနေပိုင်းထိ ဆက်ကို လောင်းနေတုန်းပဲ အခုသိရတာ အိမ်ခြေ ၈၀ လောက် ပြာကျသွားပြီလို့ သိရတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီးရွာ အထိုင်စခန်းမှ ထွက်လာသော အကြမ်းဖက် စစ်သားများသည် ထုံးဘိုရွာကို ထပ်မံ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဝက်လက်မြို့နယ် အတွင်း နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၅ ရက်နေ့ကလည်း တမာကုန်းရွာ၊ ရွာတော်ကုန်းရွာ၊ တံတားဦးရွာ၊ ထုံးဘိုရွာ ၊ ထုံဘိုရွာ အရှေ့ဘက် တံတားညီနောင်အနီးရှိ နေအိမ်များနှင့် မြင်တော်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကက္ကိုလ်စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article