27 C
Yangon

ဘုတလင်၊ ဇီးတောရွာမှ စစ်တပ် စစ်ကြောင်း ဆုတ်ခွာပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ၊ စစ်ကြောင်းက မုံရွာဘက်ကို သွားရောက် ပူးပေါင်းပြီး တဲကြီးကုန်းရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောရွာမှ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဆုတ်ခွာပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကာ ယင်းစစ်ကြောင်းက မုံရွာဘက်ကို သွားရောက် ပူးပေါင်းပြီး တဲကြီးကုန်းရွာကို မီးရှို့ဖျက်ဆီးနေကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် မုံရွာမြို့နယ် နမခ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့နယ်၊ ဇီးတောရွာ၌ အခြေပြုတပ်စွဲထားကာ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် အစောပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုသို့ စစ်တပ် စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားပြီးနောက် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ စီမံခန့်ခွဲမှုဖြင့် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ (Chindwin Brothers) မှ ဦးဆောင်၍ မုံရွာခရိုင် အမှတ် (၁၄) တပ်ရင်း၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army ၊ ဗိုလ်လက်ကောက် အဖွဲ့၊ SRF LPDF၊ ဒေါင်းပျောက်ကြားအဖွဲ့ ၊အုပ်ကြီးနှင့်အဖွဲ့ ၊ နင်ဂျာအဖွဲ့ တို့က ဇီးတောရွာအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် အကြမ်းဖက် စစ်သားများကျန်ရှိခဲ့သော အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကာ မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို ဇီးတောရွာမှ ဆုတ်ခွာသွားသော စစ်ကြောင်းသည် မုံရွာမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းကာ အင်အား ၂၀၀ ခန့်ဖြင့် ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တဲကြီးကုန်းရွာကို ဝင်ရောက်စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီ စစ်ကြောင်းက နမခ ထဲ ပြန်ဝင်သွားတာမဟုတ်လောက်ဘူး။ မနေ့က တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး ပါရာမော်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်နဲ့ လေကြောင်းစစ်ကူပေးခဲ့တဲ့ ထိတွေ့တိုက်ပွဲဖြစ်တဲ့ မုံရွာမြို့နယ်ထဲက စစ်ခွေး စစ်ကြောင်းဆီကို ပူးပေါင်းသွားနိုင်ပါတယ်။ မုံရွာဘက်က စစ်ခွေးတွေကို သွားရောက် ပူးပေါင်းပြီး တဲကြီးကုန်းကျေးရွာက ပြည်သူပိုင် နေအိမ်တွေ ကို စစ်ခွေးတွေက မီးတင်ရှို့နေကြတယ်။ ကျောက်စစ်ပုံအမြောက်တပ်ထဲကို ဝင်သွားတာလည်း မဟုတ်ပြန်ဘူး။ ခွေးတွေ ဆုတ်ခွာရာလမ်းကြောင်းက နမခ ဧရိယာဖြစ်နေတော့ ကျနော်တို့က ရန်သူ့နယ်မြေထဲမှာဝင်ပြီး သတင်းယူဖို့က အင်မတန်ခက်ခဲတယ်။ ကင်းထောက်ဒရုန်းလွှတ်ဖို့ကျပြန်တော့လည်း ရန်သူ့ jammer တွေက အားကောင်းတော့ ပျက်ပျက်ကျနေလို့ လူနဲ့ပဲ ကင်းထောက်တော့တာမို့ ရန်သူ့ ဆုတ်ခွာရာလမ်းကြောင်း အတိအကျကို အရင်တုန်းကလောက် အတိအကျ မသိရတော့ဘဲ ခန့်မှန်းပြောနေရတာမို့ပါ” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article