23 C
Yangon

ဝန်းသိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ရေတာရှည်တွင် စစ်တပ် သတင်းပေး ၁ ဦး စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ခြေပြတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဝန်းသိုမြို့နယ်၊ ခပ်ချိုကျေးရွာကို စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၊ ၆၀ မမ များဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ နယ်မြေကို စစ်ကြောင်းထိုးတာကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က ထိသွားတဲ့သူရှိတယ်။ စစ်ခွေးဘက်က ၂ ဦးက ဒဏ်ရာရတယ်။ ၁ ဦးကတော့ သေဆုံးတယ်လို့ သိရတယ်။ စစ်ခွေးဘက်က လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိပါဘူး။ ဒရုန်းနဲ့ လက်လုပ် ၆၀ မမပဲ အသုံးပြုခဲ့တာပါ။ စစ်‌ကြောင်းပြန်ထိုးနိုင်တာတွေရှိတော့ ပြည်သူတွေကို ဂရုစိုက်နေကြဖို့တော့မှာ ကြားထားတာတွေရှိပါတယ်” ဟု ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိကပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- -ပ.က.ဖ၊ ကောလင်းခရိုင် အမှတ်(၄) တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် သတင်းပေး ဒေါက်တိုင် ၁ ဦး စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ခြေပြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရေတာရှည်မြို့နယ်၊ ဆင်ဂွေကျေးရွာအုပ်စု၊ ထိပ်ပေါက်ကျေးရွာဘေးတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသောမိုင်းကို စစ်တပ် သတင်းပေး ဒေါက်တိုက် ထိပ်ပေါက်ကျေးရွာသား ဝင်းနိုင်က နင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မိုင်းနင်းမိပြီး ဝင်းနိုင်သည် ပြင်းထန် ဒဏ်ရာရရှိကာ ခြေထောက် ပြတ်သွားပြီး လက်ရှိချိန်တွင် တောင်ငူခရိုင် နှစ်ဆောင်ပြိုင် ဆေးခန်း၌ ကုသမှု ခံယူနေကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၁၀ နာရီက ရေတာရှည်မြို့နယ်၊ ထိပ်ပေါက်ကျေးရွာဘေးမှာ စစ်ခွေးတွေ ထောင်ထားတဲ့မိုင်းကို နင်းမိပြီး စစ်တပ် သတင်းပေး အမာခံ ဒေါက်တိုင် ထိပ်ပေါက်ကျေးရွာသား ဝင်းနိုင် ခြေပြတ်သွားတယ်။ အခု တောင်ငူ ခရိုင်နှစ်ဆောင်ပြိုင်ဆေးခန်းမှာ ကုသနေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article