22 C
Yangon

တန့်ဆည်နှင့် ရွှေကျင် တို့တွင် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Taze People’s Defence Force က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် တန်ဆည်မြို့ပြင်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Taze People’s Defence Force မှ တော်လှန်ရေးရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နှင့် နိုဝင်ဘာလ ၂ ရက် တို့တွင် ရွှေကျင်မြို့နယ်၊ ဥယျာဉ်ချောင်းကျေးရွာရှိ စစ်ကောင်စီတပ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာလ ၇ ရက်တွင်လည်း ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာ၊ ဆင်နှစ် ကောင်ဘုရားဝင်းအတွင်း အထိုင်ချထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှု နောက်ဆက်တွဲသတင်း မသိရသေးပါဘူး။ စစ်ရေးလုံခြုံရေးအရ အတိအကျ မဖြေ ပေးနိုင်တာ နားလည်ပေးပါ” ဟု KNLA Nighthawks အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း အောက်တိုဘာ ၅ ရက်နေ့တွင် စက်ချို့ယွင်းမှုကြောင့် ဒရုန်း ၁ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို KNLA ပူးပေါင်းတပ်ဖွဲ့နှင့်အတူ KNLA Nighthawks အဖွဲ့က ပါဝင် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article