30 C
Yangon

ရန်ကုန်ရှိ အားကစားဝန်ကြီးဌာနပိုင် သု၀ဏ္ဏအားကစားပြိုင်ပွဲရုံ ၁ ကို ကြံ့ဖွတ်ပါတီ မဲဆွယ်ပွဲအတွက် စစ်တပ်က အသုံးပြုခွင့်ပေး၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကို ကြံ့ဖွတ်ပါတီက တိုက်ရိုက်ချိုးဖောက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရန်ကုန်ရှိ အားကစားဝန်ကြီးဌာနပိုင် သု၀ဏ္ဏအားကစားပြိုင်ပွဲရုံ ၁ ကို ကြံ့ဖွတ်ပါတီ မဲဆွယ်ပွဲအတွက် စစ်တပ်က အသုံးပြုခွင့်ပေးလိုက်ကြောင်း ရန်ကုန်တိုင်းစစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအချိန်အထိ ကြံ့ဖွတ်ပါတီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏအားကစားပြိုင်ပွဲရုံ ၁ တွင် လူဦးရေ ၁ သောင်းခန့်ပါဝင်သော မဲဆွယ်စည်းရုံးပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ မဲဆွယ်စည်းရုံးပွဲတွင် ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ တက်ရောက်မည်ဖြစ်ပြီး ရန်ကုန်မှ ကြံ့ဖွတ်ပါတီဝင်များကို ရွေးကောက်ပွဲကြေညာစာတမ်းကို မိတ်ဆက်မည်ဖြစ်ကြောင်း သိရှိရသည်။

“ပါတီမဲဆွယ်စည်းရုံးဟောပြောခွင့်အတွက် အစိုးရ ဝန်ကြီးဌာနပိုင် အဆောက်အဦးကို သုံးစွဲခွင့်ပေးလိုက်တာပါ။ အခြားဘယ်ပါတီကိုမှ မပေးပါဘူး။ ကြံ့ခိုင်ရေးပါတီကိုပဲ ပေးတာပါ” ဟု ရန်ကုန်တိုင်းတပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းအပြင် ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးပွဲအတွက် စစ်တပ်နှင့်ရဲများကလည်း ပြင်ပမှ လုံခြုံရေးယူပေးမည်ဖြစ်ကြောင်း၊ အကြိုအပို့ ကားအစီအစဉ်များကိုလည်း ရန်ကုန်တိုင်းအစိုးရက ပြင်ဆင်ပေးထားကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီက ထိုကဲ့သို့ အစိုးရပိုင် အဆောက်အအုံဖြစ်သော သု၀ဏ္ဏအားကစားပြိုင်ပွဲရုံ ၁ ကို သုံးစွဲခြင်း၊ လုံခြုံရေးအတွက် စစ်တပ်နှင့်ရဲက တာဝန်ယူပေးခြင်း၊ ကြိုပို့ ကားအစီအစဉ်များကို ရန်ကုန်တိုင်းအစိုးရက စီစဉ်ပေးခြင်းမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ချိုးဖောက်နေကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၇ (ဂ)တွင် နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍ ဖြစ်စေ ရယူသုံးစွဲလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article