29 C
Yangon

ရသေ့တောင်မြို့နယ်၊ ဘထလေကျေးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချမှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဘထလေကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသ်ည။

ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ရသေ့တောင်မြို့နယ်၊ ဘထလေကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ ၁ ဦးပျောက်ဆုံးနေကြောင်း၊ အသေးစိတ်အချက် အလက်များကို ဆက်လက်အတည်ပြုနေဆဲဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“အသေးစိတ်အချက်အလက်ကတော့ အတည်ပြုနေတုန်းပဲ။ အဲဒီဘက်က တာဝန်ရှိသူတွေပြောတာက ဗုံး ကျဲ သွားတာမှန်တယ်လို့ အတည်ပြုပေးတယ်။ အထိအခိုက်ကတော့ရှိတယ်လို့ ပြောတယ်။ ဓာတ်ပုံတွေလည်းမရသေး ဘူး။” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ၊ TNLA တို့နှင့် အပစ်ရပ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော် ထိန်းချုပ်ရာ မြို့နယ်များမှ ပြည်သူလူထုကို ပစ်မှတ်ထားကာ အကြမ်းဖက်စစ် ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာလျက်ရှိကြောင်း ဒေသပြည်သူများနှင့် AA ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article