22 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရန်ကုန်မြို့က အားကစားဝန်ကြီးဌာနပိုင် သု၀ဏ္ဏအားကစားပြိုင်ပွဲရုံ ၁ ကို ကြံ့ဖွတ်ပါတီ မဲဆွယ်ပွဲအတွက် စစ်တပ်က အသုံးပြုခွင့်ပေးလိုက်ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကို ကြံ့ဖွတ်ပါတီက တိုက်ရိုက်ချိုး ဖောက်လိုက်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

မကွေးတိုင်း၊ နတ်မောက်-မြို့သစ် လမ်းပိုင်းမှာ အကြမ်းဖက် စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေးလုပ်နေသူ မောင်မင်းသူကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတယ်လို့ PDF အမှတ် ၉၀၃ တပ်ရင်းရဲ့ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အာရက္ခတပ်တော် AA က စစ်ရေးအရ ယာယီ ဆုတ်ခွာထားတဲ့ ကျောက်ဖြူမြို့နယ် မင်းပြင်ရွာ ရေဒါစစ်စခန်းမှာ အကြမ်းဖက် စစ်တပ်က ဝါဒဖြန့်ဓာတ်ပုံရိုက်ကူးဖို့ ပြင်ဆင်နေတဲ့အချိန် AA ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး စစ်သား အများအပြား သေကုန်ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article