28 C
Yangon

ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ကန်ချနဘူရီတွင် တရားမဝင် မြန်မာနိုင်ငံသား ၃၈ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နှင့် ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၃၈ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း ချင်းမိုင်မြို့မှ ဘန်ကောက်မြို့သို့ တက်သည့် အမြန်လမ်းတွင် ရှမ်းလူမျိုး ၁ ဦးမောင်နှင်လာသော ကား ၁ စီးကို ရပ်တန့် စစ်ဆေးရာ အထောက်အထား အပြည့်အစုံမပါသော မြန်မာနိုင်ငံသား ၉ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသားများမှာ ချင်းမိုင်- ဘန်ကောက်မြို့သို့ အလုပ်သွားရောက်လုပ်ကိုင်ရန် တစ်ဦးလျှင် ထိုင်းဘတ် ၇၀၀ ပေး၍ သွားလာကြစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ နောင်ဘွန် ကျေးရွာအုပ်စု ၄ ရှိ တိုက်ခန်းတွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော တရားမဝင် မြန်မာအလုပ်သမား ၂၉ ဦးကို ယမန်နေ့ နံနက်ပိုင်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာအလုပ်သမား ၂၉ ဦးမှာ မလေးရှားနိုင်ငံသို့ သွားရောက်မည့် သူများဖြစ်ပြီး တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၅၀၀၀ မှ ထိုင်းဘတ်ငွေ ၆၅၀၀၀ အထိ ပေး၍ မလေးရှားသွားရောက် အလုပ်လုပ်ကြမည်သူများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းတွင်လည်း ရွှေ့ပြောင်းသွားလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသော တရားမဝင် မြန်မာနိုင်ငံသား ၃၈ ဦးကို ထိုင်းအာဏာပိုင်များက နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီး စစ်ဆေးအမှုဖွင့်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article