မကွေးတိုင်း၊ ကံမမြို့အဝင်တွင် KTV မှ ကားဖြင့် ပြန်လာသည့် ပျူစောထီး ခေါင်းဆောင် အောင်ဝင်း အပါအဝင် ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးလုံးသေဆုံးခဲ့ကြောင်း ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပုသိမ်-မုံရွာလမ်းမ နှင့် ကံမမြို့ အဝင်လမ်းဆုံ ၁၄ မိုင်အနီးတွင် Double Cab ကားဖြင့် ဥသျှစ်ပင်မြို့ KTV မှ ပြန်လာသည့် ပျူစောထီးခေါင်းဆောင် အောင်ဝင်း၊ အတွင်းရေမှူး ရဲအောင်နှင့် အမခံ တပ်သား အောင်မြိုင်တို့ ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အမခံ တပ်သား အောင်မြိုင်သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ စီးနင်းလာသောကား အတွင်းမှ ဖုန်းနှင့် သက်သေခံစာရွက်များကို သိမ်းဆည်ရရှိကာ ကားကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တိုက်ခိုက်မှုအတွင်း ကျည်ထိမှန်ကာ ထိခိုက် ဒဏ်ရာရရှိခဲ့သော ပျူစောထီး ခေါင်းဆောင် အောင်ဝင်းနှင့် အတွင်းရေးမှူး ရဲအောင် တို့သည် သွေးထွက်လွန်ပြီး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျူစောထီးခေါင်းဆောင် အောင်ဝင်းသည် အကြမ်းဖက် စစ်တပ် အတွက် စစ်မှုထမ်း တပ်သားသစ် စုဆောင်းရေးကို လစဥ် ကံမမြို့နယ်အတွင်း ပေါ်တာဆွဲခြင်း ၊ အကြမ်းဖက် ဖမ်းဆီးခြင်း၊ စစ်မှုထမ်းကြေးများလည်းကောက်ခံခြင်း၊ ငွေညစ်ခြင်းနှင့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင်အဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။








