ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ကျားဖြန့်တွေကို အပြီးသတ်အပြတ်နှိမ်နင်းတော့ မယ်လို့ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGFမှ နိုင်မောင်ဇော်က ထိုင်းသတင်းမီဒီယာ တွေကို မနေ့က ခေါ်ပြောလိုက်ပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေလို့ လမ်းပိုင်းတွေ ပိတ်ဆို့နေသလို စစ်တပ်က ပလောက်မြို့ သိမ်းပိုက်ခံရမှာကို ကြောက်လန့်ပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသပြည်သူတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ ဆိုင်ကယ် ၅ စီးနဲ့ ကင်းပတ်ဖို့ ထွက်လာတဲ့ စစ်တပ်ကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီးနှင့် ခဲယမ်းတွေသိမ်း ဆည်းရရှိခဲ့တဲ့သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




