27 C
Yangon

မုံရွာမြို့နယ်၊ သာစည် နယ်မြေ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှုတွင် နေရာတွင် ရဲ ၄ ဦး ပွဲချင်းပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရွာရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှုတွင် နေရာတွင် ရဲ ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Rocket Fighter မှ လပြည့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီမှ နံနက် ၁၀နာရီခန့် အချိန်ထိ မုံရွာထောင်အနီး မီတာ ၁၀၀ ခန့်အကွာ သာစည်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထိုတိုက်ခိုက်မှုမှာ စစ်တပ်၏ ထိုးစစ်ကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ရဲတပ်သား ၄ ဦး သေဆုံးသွားကြောင်း၊ တောက်လှန် ရဲဘော်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“ရဲ ၄ ယောက် သေတယ်။ ကျန်တာကိုတော့ ကျနော်တို့ စုံစမ်းနေဆဲပါ။ မုံရွာထောင်က စစ်ကူလာလို့ လက်နက်တွေကောက်ချိန်မရခဲ့ပါဘူး။ ကျနော်တို့ ရဲဘော်တွေအထိခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု Rocket Fighter မှ လပြည့်က ပြောဆိုသည်။

စစ်ဆင်ရေးကို Rocket Fighter(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)နှင့် ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (csraf) ၊ ညောင်ဦးခရိုင်တပ်ရင်း ၃ ဗိုလ်ကျားကြီးအဖွဲ့ဒီပဲယင်း(P0)၊ ဘုတလင်တပ်ပေါင်းစု၊ မြို့ပြပြောက်ကျားတပ်ဖွဲ့(Urban Guerrilla)၊ နယ်မြေ ခံတပ်ဖွဲ့စသည့်တို့ဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးနေသော စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article