31 C
Yangon

တောင်သာနှင့်ပုလဲမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Scorpions PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်တွင် တောင်သာမြို့နယ်အတွင်းရှိ မြင်းခြံ-ညောင်ဦး- ပခုက္ကူ လမ်းပိုင်း တမိုက်သာကျေးရွာတွင် တပ်ဆွဲပြီး ပြည်သူများကို အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ ပေါ်တာဆွဲခြင်း လုပ်ဆောင်နေသောာ မြင်းခြံသီတာယုမွန် ပျူစောထီးအဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ ပူးပေါင်းထားသော အင်အား ၆၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် မြင်းခြံဘက်မှ တပ်ကူလာသော အကြမ်းဖက် စစ်သားများက မင်းကြိုရွာနှင့် ကြာပို့ရွာ တို့ကို ဝင်ရောက်မွှေနှောက်ပြီး ကြာပို့ရွာမှ ပြည်သူ ၁၅ ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တမိုက်သာ‌‌ကျေးရွာရှိ စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံသွားရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် မြင်းခြံ-တောင်သာ လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က အင်အား ၃၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးလာ‌၍ တောင်သာမြို့ အနောက်ဘက်ရှိ သံလမ်းဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခဲ့ရာ စစ်သား ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ တပ်စွဲထားတဲ့ ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုအတွင်း စစ်ခွေး ၁၀ ကောင်သေဆုံးပါတယ်။ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Scorpions PDF) မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Scorpions PDF) ၊ ညောင်ဦးခရိုင် တပ်ရင်းအမှတ်(၅) နှင့် မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောင်သာမြို့နယ် အတွင်း လက်ရှိအချိန်တွင် စစ်ရေးတင်းမာနေသောကြောင့် အချိန်မရွေး တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ပြည်သူမျာ သတိပြုသွားလာနေထိုင်ကြရန် မေတ္တာရပ်ခံလိုကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Scorpions PDF) မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်နဲ့ နှောကန်ကြားရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကာကင်း ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉နာရီခန့်ဝန်းကျင်အချိန် ပုလဲမြို့နယ် မင်းတိုင်ပင်နှင့် နှောကန်ကြားရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကာကင်း ဂိတ်ကို ယင်းမာပင်ခရိုင် ဗျူဟာ ၄၈ အမှတ် ၄ တပ်ရင်းမှ ရဲဘော် ၃ဦး က ရှောင်တစ်ခင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးကာ၊ ထိခိုက်ဒဏ်ရာရရှိသူများ ကြောင်း တော်လှန် ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“ခွေး ၁ကောင် ကျသွားတာကိုတော့ တွေ့လိုက်ရပါတယ်။ စစ်ခွေးတွေ အထိုင် တပ်စွဲထားတဲ့ ကာကင်းဂိတ်ပါ။ ကာကင်းမှာစစ်ခွေး အင်အား ၅ ဦးလောက်ပဲရှိပြီ။ မလှမ်မကမ်းမှာ စစ်ခွေးအများအပြားက လှမ်းပစ်လို့ သေနတ်ကောက်ခွင့် မရခဲ့ပါဘူး”ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၄မှ တာဝန်ရှိသူကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article