28 C
Yangon

အင်းတကော်မြို့ အခြေစိုက် ခမရ ၁၀၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ပဲခူးတိုင်း၊ အင်းတကော်မြို့ အခြေစိုက် ခမရ ၁၀၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်းတကော်မြို့ အခြေစိုက် ခမရ ၁၀၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေနတ် ၂လက် ယူဆောင်လာပြီး Yenanthar Column ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ၄ ဦးသည် MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁၇၈ တောင့်တို့ ယူဆောင်လာခြင်းကြောင့် ဂုဏ်ပြုဆုငွေ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

“အလင်းဝင်လာတဲ့သူတွေက အရင်တုန်း ပေါ်တာအဆွဲ မခံရခင်တုန်းက အဆက်အသွယ်တွေရှိတယ်။ ပေါ်တာဆွဲပြီးနောက် သူဖုန်းကိုင်ရတဲ့ အချိန်မှာလာပြီး ဆက်သွယ်လာလို့ ကျွန်တော်တို့ နီးစပ်တဲ့နေရာက ချိတ်ဆက်ပြီး သွားခေါ်လာတာပါ။ အလင်းဝင်လာတဲ့သူ ၄ ဦးက ပေါ်တာအဆွဲခံရတာပါ။ စစ်မှုထမ်း ပတ်စဉ် ၇ ကပါ။ ဂုဏ်ပြုဆုငွေကတော့ ချီးမြှင့်ဖို့ အစီစဉ်ရှိပါတယ်” ဟု မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း နှင့် မကွေးတိုင်းတို့မှ ဖြစ်ပြီး ၎င်းတို့ အလုပ်သွားချိန်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article