28 C
Yangon

ဂန့်ဂေါနှင့် သပိတ်ကျင်း မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး ၁၀ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီ ၄၉ မိနစ်မှ စတင်ပြီး ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ တောင်ခင်ရန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

“ဗုံးက ရွာလယ်ကိုကျတာ။ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ရွာကြီး။ ဒဏ်ရာရတဲ့အထဲမှာ ၃ ယောက်က‌ တော့နည်းနည်းပြင်းထန်တယ်။ မစိုးရိမ်ရဘူး။ ခိုင်းနွား ၈ ကောင်ထက်မနည်းသေဆုံးခဲ့သလို အိမ်မွေး တိရစ္ဆာန်တွေလည်း သေဆုံးတာရှိပါတယ်” ဟု ယောအလင်းတန်းမှ တာဝန်ရှိသူက ပြောဆိုသည်။

ဂန့်ဂေါမြို့နယ် မြောက်ပိုင်းနှင့် ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်မှုများကြောင့် ပြည်သူများ သတိပြုနေထိုင် ကြရန် ယောအလင်းတန်းက တိုက်တွန်းထား သည်။

အလားတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန်ကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် – မန္တလေးက ထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တချို့ လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article