27 C
Yangon

ဒီပဲယင်းနှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ယဉ်ကျင်းရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ ယဉ်ကျင်းရွာ ဘုန်းကြီးကျောင်းကို မုံရွာ နမခမှ တက်လာသော Gyrocopter ၃ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်း အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ဘုန်းကြီးကျောင်းကို ဗုံးကျဲသွားတာ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်သူတွေက ဒဏ်ရာမစိုးရိမ်ရဘူးလို့တော့ သိရတယ်။ ဘုန်းကြီးကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ပါက ဘေးကင်းလုံခြုံသော နေရာများတွင်သာ

နေထိုင်ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့ နမခမှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Gyrocopter ၃ စီးက ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းက ရွာတွေကို စစ်ခွေးတွေက Gyrocopter ၃ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်မှုရှိမရှိလည်း မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article