22 C
Yangon

ဂွမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် ၁ ရပ်ကွက် အတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၇ နှစ် အရွယ် မောင်းချမ်းဘုန်းသက် သေဆုံးခဲ့ပြီး နေအိမ် ၄ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုလေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၃၀ နှစ်အရွယ် ဦးမြတ်သူရစိုး ၊ အသက် ၄၀ အရွယ် ဦးငြိမ်းချမ်းကျော် ၊ အသက် ၆၅ နှစ်အရွယ် ဒေါ်မြတ်မြတ်စိုးနှင့် အမည်မသိ ပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရ ဆလိုင်းယောမန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက မင်းတပ်မြို့အနောက်ခြမ်းတနေရာကို လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“လူနေအိမ်တချို့ ပျက်စီးတာ ရှိပါတယ်။ မင်းတပ်-မတူပီလမ်း တစ်နေရာကိုကျဲတာပါ။ ပြည်သူထိခိုက်တာတော့ မရှိပါဘူး” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရ ဆလိုင်းယောမန်က ပြောဆိုသည်။

Photo credit – Arakan Princess

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article