22 C
Yangon

တောင်သာမြို့နယ်၊ ညောင်တိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု အသက်အရွယ်ကြီးရင့်နေသော ဘုန်းကြီး ၁ ပါး မီးလောင်သေဆုံးပြီး နေအိမ် ၅၀ ခန့်ပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်တိုရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု အသက်အရွယ်ကြီးရင့်နေသော ဘုန်းကြီး ၁ ပါး မီးလောင်သေဆုံးပြီး နေအိမ် ၅၀ ခန့်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်မှ စတင်ပြီး တောင်သာမြို့နယ်၊ ညောင်တိုရွာကို အကြမ်းဖက် စစ်တပ်က သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးစဉ် ကျေးရွာအတွင်း ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသည့် အသက်အရွယ်ကြီးရင့်နေသော ဘုန်းကြီး ၁ ပါး မီးလောင်သေဆုံးကာ နေအိမ် ၅၀ ခန့်ပြာကျခဲ့ကြောင်း သိရှိရသည်။

“မီးလောင် သေဆုံးခဲ့တဲ့ ဘုန်းကြီးက အသက်ကြီးတော့ ဘယ်မှ မပြေးနိုင်ဘဲ မီးထဲပါသွားတာ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၅၀ လောက် ပြာကျသွားတယ်လို့ သိရတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေတော့ မရှိဘူး။ မနေ့က မနက်ခင်းတည်းက စစ်ကြောင်းထိုးမယ်လို့ သတင်းရလို့ တစ်ရွာလုံးရှောင်နေကြရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ညောင်တိုရွာသည် အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသော ကျေးရွာဖြစ်ပြီး လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်သာ – ငါ့သရောက် လမ်းပိုင်း ညောင်တိုကျေးရွာလမ်းခွဲရှိ တော်လှန်ရေး တပ်ဖွဲ့၏ ဂိတ်စခန်းကိုလည်း ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article