23 C
Yangon

မြ၀တီမြို့နယ်၊ မင်းလက်ပံရှိ DKBA ဗိုလ်သခွားသီး ပိုင် ကျားဖြန့် ရုံကို KNLA က ဝင်ရောက်စီးနင်းပြီး လက်နက် ၁၇၆ လက်ကို သိမ်းဆည်းကာ DKBA အဖွဲ့ဝင်တချို့ကို ထိန်းသိမ်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာရှိ DKBA မှ ဗိုလ်သခွားသီး ပိုင်ကျားဖြန့် ငွေလိမ်ဂိုဏ်းအလုပ်ရုံတစ်ခုကို KNLA က ဝင်ရောက်စီးနင်းပြီး လက်နက် ၁၇၆ လက်နှင့် DKBA အဖွဲ့ဝင် ၂၀ ဦးကို ထိန်းသိမ်းခဲ့ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ KNLA မှ စစ်ကြောင်းက မင်းလက်ပံကျေးရွာရှိ DKBA မှ ဗိုလ်သခွားသီး လုံခြုံရေးယူပေး လုပ်ကိုင်နေသော ကျားဖြန့်အလုပ်ရုံကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းသို့ စီးနင်းရာတွင် ပစ်ခတ်မှုတချို့ရှိခဲ့ကြောင်း၊ ယင်းနောက် ကျားဖြန့် အလုပ်ရုံကို လုံခြုံရေးယူပေးထားသော DKBA တပ်ဖွဲ့ဝင် ၂၀ ဦးကို ထိန်းသိမ်းခဲ့ပြီး လက်နက်စုစုပေါင်း ၁၇၆ လက်ကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

“DKBA ဗိုလ်သခွားသီး နဲ့ အဖွဲ့ တွေကတော့ စကစ ရှိတဲ့ မြဝတီမြို့ဘက် ရှောင်ပြေးသွား တယ်။ ဗိုလ်သခွားသီး လုံခြုံရေးယူပေးထားတဲ့ ကျား ဖြန့်ရုံတွေမှာ တရုတ်တွေလည်းမရှိတော့ဘူး။ အကုန်ပြေးကုန်ကြပြီ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းနှင့် KNLA တပ်များအကြား နိုဝင်ဘာလ ၂၁ ရက်နေ့ကတည်းက တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်နှင့် လက်နက်ငယ်ကျည်များမှာ ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ခဲ့ကြောင်း၊ ထို့ကြောင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ထိုင်းစစ်တပ်က မြန်မာဘက်သို့ သတိပေးသည့်အနေဖြင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့လည်း KNLA မဟာမိတိ တပ်တွေနဲ့ စကမ တပ်တွေ မင်းလက်ပံ သင်္ချိုင်းဘက်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန် နေတယ်။ ဒီနေ့ ထိုင်းဘက်ကျည်ကျမှုတွေ ဆက်ဖြစ်နေတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာတွင် ထိတွေ့တိုက်ပွဲများကြောင့် အဆိုပါကျေးရွာမှ ပြည်သူ ၃၀၀ ကျော်မှာ ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်ကမ်းဘေးသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article