25 C
Yangon

ရန်ကုန်မြို့လယ်ခေါင်ရှိ ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ရဲစခန်းရှေ့ရှိ ကင်းတဲ အနီးကျ ရောက်ပေါက်ကွဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရန်ကုန်မြို့လယ်ခေါင်ရှိ ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစ ခန်းရှေ့ရှိ ကင်းတဲအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြရေး တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ်ရှိ ကျောက်တံတားရဲစခန်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက လက်ပစ် ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းရှေ့ ကင်းတဲအနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“လက်ပစ်ဗုံး ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာ၊ ရဲစခန်းရှေ့ ကင်းတဲတွေနား ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ကျ နော်တို့ဘက်က ပွဲပြီးတာနဲ့ ချက်ချင်းပြန်ဆုတ်ခဲ့တာမို့ နောက်ဆက်တွဲအခြေအနေ မသိရဘူး။ လူ ရှင်း၊ ပြေးလမ်းရှင်းတဲ့ အချိန်ကို အချိန်ယူလုပ်ဆောင်ခဲ့တာပါ။ မြို့ထဲက အဲဒီစခန်းကို လုပ်ချင်လွန်း လို့ အချိန်တစ်လလောက်ယူပြီး သေသေချာချာလေ့ကျင့်ပြီးမှ လုပ်ခဲ့တာဖြစ်ပါတယ်” ဟု Operation Flame သတင်းနှင့်ပြန်ကြရေး တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းရဲစခန်းသည် အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ကာ လုပ် ဆောင် လျက်ရှိသည့်အပြင် မိဘပြည်သူများကို နည်းမျိုးစုံဖြင့် မတရားဖမ်းဆီး နှိပ်စက်နေသော စခန်း တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် Operation Flame-“Fire Power” အထူးစစ်ဆင်ရေး စစ်ရေး ပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ စစ်ဆင်ရေးကို Operation Flame နှင့်အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် လသာမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Operation Flame အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ဖော်ဆောင်မည့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာ မဟုတ်ပဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံး နှင့် အတူလက်တွဲ၍ အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article