22 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်တပ်က မြန်မာနိုင်ငံရဲ့ ပို့ကုန်ရငွေတွေကနေ ရရှိတဲ့ ဒေါ်လာငွေတွေကို သူတို့စစ်တပ်ရဲ့

စစ်လက်နက်၊ ခဲယမ်း နဲ့ စစ်ပစ္စည်းတွေ ဝယ်ဖို့အတွက် ငွေပေးချေဖို့ဆိုပြီး ကုန်သည်တချို့ကို ဒေါ်လာငွေတွေ လွှဲခိုင်းနေပြန်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ်က မင်းလက်ပံမှာ KNU နဲ့ အကြမ်းဖက် စစ်တပ် အကြား တိုက်ပွဲဖြစ်ပွား ပြီးနောက် စစ်တပ်လက်အောက်ခံ DKBA တပ်ရဲ့ ကျားဖြန့် အလုပ်ရုံတွေကို KNU က ဝင်ရောက်စီးနင်းလိုက်ပြီး DKBA တပ်ဖွဲ့ဝင် အယောက် ၂၃၀ ဝန်းကျင် လက်နက်ချခဲ့ကြသလို အဲ့ဒီ့ ကျားဖြန့် ရုံတွေမှာ DKBA တပ်က လူ ၂၀၀၀ ကျော်ကို ချုပ်နှောင်ထားတယ်လို့ KNU က တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်တပ်က လုံခြုံရေးတွေ အထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်က ကျောက်တံတား ရဲစခန်းကို မြို့ပြတော်လှန်ရေးရဲဘော်တွေက ဗုံးခွဲတိုက်ခိုက်မှုအတွင်း ရဲစခန်းရှေ့ ကင်းတဲအနီးကျ ရောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article