22 C
Yangon

ပဲခူးတိုင်း စစ်ဆင်ရေးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ပဲခူးတိုင်းစစ်ဆင်ရေးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်- PDF၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အဝင် စစ်တပ် ဂိတ်စခန်းကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ၊ အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဂိတ်စခန်းမှ ဒုရဲအုပ်ကျော်ဇင်ထွန်း အပါအဝင် အကြမ်းဖက်စစ်သား ၅ ဦး နေရာတွင် သေဆုံးခဲ့ကြောင်း၊ စစ်သား ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိကာ ၎င်းတို့ကိုင်ဆောင်အသုံးပြုသည့် လက်နက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၂၃ ရက်နေ့ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်နယ်မြေရဲစခန်းမှ ကျောက် ကြီးတောင် အထိုင်တပ်စခန်းသို့ အင်အားဖြည့်တင်းရန် စစ်သား ၃၀ ခန့် တင်ဆောင်လာသည့် FAW ကားကိုလည်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ၊ အမှတ် ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ ၅ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့တွင်လည်း ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ KTV တစ်ခုတွင် သောက်စားမူးရူးနေသည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲနှင့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ၂၂၊ အမှတ် ၃၈၀၁ တပ်ရင်းက စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲနှင့်ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၅ ဦးသေ‌‌ဆုံးခဲ့ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article