22 C
Yangon

မင်းတုန်းမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ မူးယစ်ဆေး ရောင်းဝယ်မှု လုပ်ဆောင်နေသော ပျူစောထီး ခေါင်းဆောင်၏ တပည့်ဖြစ်သူ နေသွေး ကို PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ မူးယစ်ဆေး ရောင်းဝယ်မှု လုပ်ဆောင်နေသော ပျူစောထီး ခေါင်းဆောင်၏ တပည့်ဖြစ်သူ နေသွေးကို PDF တပ်ဖွဲ့က အရှင်ဖမ်းဆီးခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မင်းတုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ မူးယစ်ဆေး ရောင်းဝယ်မှုများ လုပ်ဆောင်နေသော ပျူစောထီး ခေါင်းဆောင် ဖိုးပြား၏တပည့်ဖြစ်သူ နေသွေး ကို PDF တပ်ဖွဲ့က ပုသိမ် – မုံရွာ လမ်းပိုင်းတွင် မူးယစ်ဆေးဝါးများနှင့်အတူ အရှင်ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။

ထိုသို့ ဖမ်းဆီးရမိသော ပျူစောထီး ခေါင်းဆောင် ဖိုးပြား၏ တပည့်ဖြစ်သူ နေသွေး ထံမှ မူးယစ်ဆေးဝါး (WY) အလုံးရေ ၁ သောင်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် နေသွေး ဆိုသူသည် ပုသိမ်-မုံရွာ လမ်းပိုင်း၌ ခရီးသွား ပြည်သူများထံမှ ဆက်ကြေးတောင်းခံပြီး ကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်တပ်နှင့်အတူ လူငယ်များကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

“နေသွေးက မင်းတုန်းမြို့နယ် ပျူစောထီး ခေါင်းဆောင် ဖိုးပြားနဲ့အတူ ညောင်ပင်သာကျေးရွာကို အခြေပြုပြီးတော့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းချတာ လောင်းကစားတွေလည်းလုပ်တယ်။ ပုသိမ် – မုံရွာ လမ်းပေါ်မှာလည်း ဂိတ်တွေဖွင့်ပြီး ခရီးသွား ပြည်သူတွေဆီက ပိုက်ဆံကောက်တယ်။ တပ်သားသစ် စုစောင်းတဲ့ ‌နေရာတွေ စစ်ကြောင်းထိုးတဲ့ နေရာတွေမှာ သူတို့တွေကပါဝင်ကြတယ်။ လက်ပံတန်းကျေးရွာအုပ်စုက တခြားကျေးရွာတွေမှာ စစ်ခွေးတွေနဲ့ ပူးပေါင်းပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း လုပ်ဆောင်တယ်။ သူ့ကိုတွေ့တော့ သတင်းရလို့ ဖမ်းလိုက်တာ မင်းတုန်းမြို့ဘက်ကို ဆိုင်ကယ်နဲ့ သူတစ်ဦးတည်း ထွက်လာတဲ့အချိန် ကျွန်တော်တို့ သတင်းရလို့ စောင့်ပြီး ဖမ်းလိုက်တာ ကျွန်တော်တို့ ဆက်လက် စစ်ဆေးနေတုန်းပါ။ ဆက်လက်ပြီး စစ်ဆေးစရာတွေရှိတယ်။ ညွှန်ကြားမှုအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်မှာပါ” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article