23 C
Yangon

ချောက်မြို့နယ်တွင် စစ်သား ၄ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်သား ၄ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်တပ်မှ စစ်သား ၄ ဦးသည် သေနတ် ၁ လက် ယူဆောင်လာပြီး ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသော စစ်သား ၄ ဦး သေနတ် ၁ လက် နှင့် ခဲယမ်းများ ယူဆောင်လာခြင်းကြောင့် ချောက်မြို့နယ် ပကဖ က ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

“ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကို ချိတ်ဆက်ပြီးတော့ စစ်ကောင်စီ တပ်သား ၄ ဦးက လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင်ရောက်လာတဲ့အတွက် ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး အလင်းဝင်ရောက်လာမယ့် သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်” ဟု ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူက ပြောဆိုသည်။

ဆက်လက်၍ အကြမ်းဖက် စစ်တပ်ထံတွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော စစ်သား၊ ရဲ နှင့် စစ်မှုထမ်းတပ်သားသစ်များ အနေဖြင့် အမြန်ဆုံး အလင်းဝင်ရောက်ကြရန်နှင့် အလင်းဝင်ရောက်လာသူများကိုလည်း နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article