32 C
Yangon

မြိုင်နှင့် ပေါက်မြို့နယ်တွင် စစ်ကြောင်းထိုးခဲ့သော စစ်တပ်က ပြည်သူ ၆ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာ ၅ ခုကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၅ လုံးကျော်ပြာကျ၊ ပြည်သူပိုင် ပစ္စည်းများပေါ်တွင်လည်း စစ်သားများက အညစ်အကြေးများ စွန့်ထားခဲ့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ပြည်သူ ၆ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာ ၅ ခုကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၆၅ လုံးကျော်ပြာကျကာ ပြည်သူပိုင် ပစ္စည်းများပေါ်တွင်လည်း စစ်သားများက အညစ်အကြေးများ စွန့်ထားခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး မြိုင်စက်မှု ၂ မှ စတင်ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ‌မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာ ၅ ခုမှ နေအိမ် ၆၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၆ ဦးထက်မနည်းကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ပြည်သူ ၄၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ပြည်သူပိုင် တောတဲများကိုလည်း ဝင်ရောက် ဖျက်ဆီးခဲ့ပြီး ပြည်သူများ မွေးမြူထားသော ဆိတ် ၊ ကြက် များကိုလည်း သတ်ဖြတ်စားသောက်ကာ ဆန် ၊ အဝတ်အထည်နှင့် အသုံးဆောင် ပစ္စည်းများကိုလည်းယူဆောင်ကာ ချက်ပြုတ် စားသောက်သွားကြောင်း၊ ထို့ပြင် ၎င်းတို့ ယူဆောင်အသုံးပြုခဲ့သော အသုံးအဆောင် ပစ္စည်းတွေပေါ်တွင်လည်း အညစ်အကြေးများ စွန့်ထားခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ပေါက်နဲ့မြိုင်မြို့နယ် အတွင်းမှာ ကျေးရွာ ၅ ခုကို မီးရှို့သွားတာ နေအိမ် ၆၅ လုံးကျော် မီးလောင်ပြာကျပါတယ်။ စစ်ခွေးတွေ သတ်ဖြတ်သွားတာလည်း ပြည်သူ ၆ ဦးထက်မနည်းရှိတယ်။ အရေအတွက် အတည်အကျကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်။ နောက်ပြီးစစ်ခွေးတွေက ပြည်သူပိုင် တောတဲတွေကိုလည်း ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းတွေကို ယူသုံးတယ်။ အဲအသုံးအဆောင်တွေပေါ်မှာလည်း ချေးတွေပါခဲ့တယ်။ သေးတွေပေါက်ခဲ့တယ်” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်စက်မှု ၂ သို့ ပြန်လည်ဝင်ရောက်သွားပြီး မည်သည့်နေရာကို ဆက်လက်ထွက်ခွာမည်ကို ဆက်လက် စောင့်ကြည့်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article