31 C
Yangon

မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်တွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ဝင်ရောက်ပစ်ခတ် တယ်လို့ သိရတယ်။ ခန့်မှန်းခြေ စစ်ခွေး ၂ ကောင် သေဆုံးနိုင်တယ်။ စစ်ခွေးဘက်က ဒဏ်ရာရတာတွေလဲရှိတယ်။ စစ်ခွေးတွေ ဘက်ကတော့ ပြန်ပစ်တယ်။ စက်သေနတ်နဲ့ ရမ်းပစ်တယ်။ အဲဒီဂိတ်မှာ စစ်ခွေး အင်အား ၁၀ ကောင်ကျော် လောက်ရှိတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့် တော်လှန်ရေးတပ်ဖွဲ့များက လုပ်ဆောင်ခဲ့သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article