24 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ဦးသိန်းစိန် အစိုးရ လက်ထက်ကစပြီး NLD အရပ်သားအစိုးရလက်ထက်အထိ ရပ်ဆိုင်းထားတဲ့ ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် အကြမ်းဖက် မင်းအောင်လှိုင်က ဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီး တရုတ်ယူနန် SPICYN ကုမ္ပဏီနဲ့အတူ လုပ်ငန်းတွေ ပြန်လည်စတင်နေပြန်တယ်လို့ စစ်တပ်က ထုတ်ပြန်ထားတဲ့ ပြန်တမ်းအရ သိရပါတယ်။

– အကြမ်းဖက် စစ်တပ်က ကျားဖြန့်လုပ်ငန်းတွေအတွင်းကနေ သူတို့စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံသိက္ခာမကျအောင် ကျွေးမွေးနေရမှုကြောင့် ကုန်ကျစရိတ်တွေ များနေတဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေက အမြန်ဆုံးပြန်ခေါ်ကြပါဆိုပြီး အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုနေပြန်ပါတယ်။

– အကြမ်းဖက် စစ်တပ်ကို ထောက်ခံတဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ခေတ်ပျက် ကြည်စိုးထွန်းနဲ့ ချမ်းသာကြည်စိုး၊ဟာသသရုပ်ဆောင် ဒိန်းဒေါင်၊ ဒါရိုက်တာမီးပွားနဲ့ မင်္ဂလာရုပ်ရှင်ရုံပိုင်ရှင် ဇော်မင်းတို့ကို စစ်တပ်ရဲ့ ပြန်ကြားရေး ညွှန်ချုပ် အေးကြွယ်နဲ့ အတူ တရုတ်ရုပ်ရှင်ပွဲတော်ဆီ စေလွှတ်ထားပြန်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article