22 C
Yangon

တောင်ငူမြို့နယ်တွင် နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးက ညီဖြစ်သူ PDF တပ်ဖွဲ့ဝင်ထံ ချိတ်ဆက်ပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးက ညီဖြစ်သူ PDF တပ်ဖွဲ့ဝင်ထံ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း PDF – Tatkon Battalion 803 မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သထုံခရိုင် အမှတ် ၉ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် အောင်ကိုဝင်း သည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ PDF – Tatkon Battalion 803 တပ်ရင်းမှ တပ်ဖွဲ့ဝင် ဖြစ်သော ညီဖြစ်သူထံ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် အောင်ကိုဝင်း သည် သထုံခရိုင် အမှတ် ၉ ခြေမြန်တပ်ရင်းတွင် ၅ လခန့် နေထိုင်ပြီးနောက် ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ညီဖြစ်သူရှိနေသေည့် တပ်ရင်း ၈၀၃ တွင် ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်ပြီး အကြမ်းဖက် စစ်တပ်ကို ​​တွန်းလှန်တိုက်ခိုက်မည်ဖြစ်ကြောင်း သိရသည်။

“သူက လက်နက်တွေကို လမ်းမှာ ဝှက်ခဲ့တယ်ပြောပါတယ်။ အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်း အပတ်စဉ် ၁၂ ကပါ စစ်မှုထမ်း သင်တန်းကို သံဖြူဇရပ်မြို့နယ် အခြေစိုက် ဝဲကလိ စစ်သင်တန်းကျောင်းက စစ်မှုထမ်းသင်တန်းကျောင်းမှာ တက်ရောက်ခဲ့တာပါ။ အလင်းဝင်ရောက်လာတဲ့သူက တောင်ငူ မြို့နယ်ကပါ။ အလင်းဝင်ရောက်လာတဲ့သူ စစ်ခွေးတွေက ပေါ်တာဆွဲတာက နေအိမ်မှာ နေထိုင်စဥ် ဝင်ဆွဲခံရတာပါ။ သူ့ညီ အရင်းက ကျနော်တို့ တပ်ရင်းမှာ ရှိတယ်။ အဲ့လို ချိတ်ဆက်ပြီး လာတာပါ။ အလင်းဝင်ရောက်လာတဲ့သူကို ဂုဏ်ပြုဆုငွေက ချီးမြှင့်ဖို့ကတော့ အဲ့လိုတော့ မစီစဥ်ရသေးဘူး။ အထက်ကိုတင်ပြရဦးမယ်။ နောက်ထပ် အလင်းဝင်လိုသူများကိုလည်း ကျနော်တို့ တပ်ရင်းက ထွေးနွေးစွာကြိုဆိုပါတယ် စစ်ကော်မရှင် လက်အောက်ကနေ ထွက်ခွာပြီး အမြန်ဆုံး အလင်းဝင်ရောက်ဖို့ကြိုးစားကြပါလို့ ပြောချင်ပါတယ်”ဟု PDF – Tatkon “Battalion 803” မှ တပ်ရင်းမှူး ရဲဘော်ရာမွန်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article