25 C
Yangon

လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းရွာ လမ်းဆုံရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းရွာ လမ်းဆုံရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် လက်ပံတန်းမြို့နယ်၊ ကျောက်တွင်းကျေးရွာ လမ်းဆုံရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်တပ် ဂိတ်စခန်းရှိ အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးကာ ၎င်းတို့ ကိုင်ဆောင်သော လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ၊ အမှတ် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၂ ၊ ရွှေတန်းမြေ (ပကဖ) နှင့် လက်ပံတန်းမြို့နယ်(ပကဖ) အထူးတိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့အဝင်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ကျော်ဇင်ထွန်း အပါအဝင် ပျုစောထီး ၅ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article