25 C
Yangon

မောတောင်မြို့ အသိမ်းခံရမှု နှင့် စစ်ရေး ရှုံးနိမ့်မှုများကြောင့် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန် ပြင်းပြင်းထန်ထန် သတိပေးခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်တွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ခံရမှုနှင့် စစ်ရေးအရ အရှုံးများစွာ ကြုံနေရမှုတို့ကြောင့် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်စစ်ရုံးက ပြင်းပြင်းထန်ထန် တရားဝင် သတိပေးမှု လုပ်ဆောင်ခဲ့ကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း ၄၃ ဦးနှင့် လက်နက်ခဲယမ်းအများအပြားကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်။

မောတောင်မြို့ သိမ်းပိုက်ခံရပြီးနောက် စစ်ရေးအတွက် အဓိကတာဝန်ရှိသော ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်စစ်ရုံးက ထုချေလွှာတင်ပြခိုင်းပြီး နေပြည်တော်စစ်ရုံးက တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို တရားဝင် သတိပေးလာကြောင်း သိရှိရသည်။

“သူက ကစထ ၄ ညွန့်ဝင်း‌ဆွေလောက်နဲ့တင် ဇာတ်လမ်းပြတ်သွားတဲ့ အနေအထားမျိုးရှိမယ်။ သူက မောတောင် ကို ပြန်ယူပေးရမယ့် အနေအထားရှိမယ်။ မောတောင်ရယ် ထီးခီးတို့ မင်းသမီး စခန်းတို့ပေါ့ အဲဒီလို နယ်စပ်စခန်းတွေကို စစ်ရေးနည်း အရ ပြန်ယူပေးရမယ်။ တနင်္သာရီ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာ သူတို့ရဲ့ တရားမဝင် ရွေးကောက်ပွဲ ၃ ရစ်လုံးကို လုံခြုံရေးအာမခံပြီးတော့ လုပ်ပေးရမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ မြိတ်ကို ရောက်လာတာ ဖြစ်လိမ့်မယ်လို မှန်းဆပါတယ်။တိုင်းမှူး ဗိုလ်ချုပ်အဆင့်ဆိုတော့ ခေါ်ပြီးတော့ သတိပေးတဲ့ သဘောပေါ့နော်။ သတိပေးလိုက်တဲ့သဘောပေါ့။ ဗိုလ်ချုပ်ကနေ ရာထူးဆက်တက်ဖို့ကတော့ မင်းအောင်လှိုင်အပေါ်မှာပဲ မူတည် တယ်။ စစ်အရှုံးကြီး ရှုံးပေမယ့် ပြန်ပြီးတော့ တိုက်နိုင်ခဲ့တဲ့ တပ်မ ၈၈ တို့ စအခ ၂၁ တို့တောင်မှပဲ တစ်ဆင့်မြင့် ရာထူးတွေ ရသေးတာဆိုတော့ သူက နယ်စပ်စခန်းတွေကို ပြန်ယူပေးမယ်ဆိုရင်တော့ ရာထူးတည်မြဲမယ့် အနေအထားရှိတယ်။ တကယ်တမ်းသာဆိုရင်တော့ နမခက မျိုးမင်းထွေးတွေလိုဆိုရင်တော့ ချက်ချင်း Dismiss နဲ့ ဖြုတ်ပြီပေါ့။ အခုကတော့ သူက နည်းနည်း ကျောင်းအုပ်ကြီးလည်း လုပ်ခဲ့တာဆိုတော့ မင်းအောင်လှိုင် နည်းနည်းလေး ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ အနေအထားမျိုးပေါ့နော်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို နေပြည်တော်က ခေါ်ယူ သတိပေးသည့် အကြောင်း အရင်းများတွင် ဩဂုတ်လ ၂၅ ရက်နေ့ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့အခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ ဒုတိယစကခမှူး ဗိုလ်မှူးကြီး မျိုးသန့် KNLA ၏ တိုက် ခိုက်မှုကြောင့် သေဆုံးခဲ့မှု ၊ ထို့ပြင် မေလ ၉ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးဗျူဟာကို စစ်တပ်က လက်လွှတ်ခဲ့ရပြီး KNLA က သိမ်းပိုက်ခံခဲ့ရမှုများ ပါဝင်ကြောင်း သိရှိရသည်။

နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကမူ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သစ္စာခံသူဖြစ်သည့်အပြင် ရခိုင်တိုင်းရင်းသားလည်းဖြစ်ခြင်းကြောင့် စစ်ခေါင်းဆောင်က သ ဘောကျ သူဖြစ်ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article