19 C
Yangon

သာယာ၀တီမြို့နယ်တွင် ခမရ ၃၅ တပ်ရင်း၏ အထိုင်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်မီးရှို့ ရှင်းလင်းမှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်တွင် ခမရ ၃၅ တပ်ရင်း၏ အထိုင်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်မီးရှို့ ရှင်းလင်းမှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ ဗိုလ်တိမ်တိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ လိပ်ဥကုန်းလမ်း၊ မဒေါ့၊ သရက်ကုန်း၊ ပြည်တော်သာ၊ ကျောက်တွင်းကျေးရွာများသို့ သွားလာရာ လမ်းဆုံရှိ ခမရ ၃၅ တပ်ရင်းက လာရောက် အထိုင်ချထားသော စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုအတွင်း ထိတွေ့တိုက်ပွဲ ၁ နာရီခန့်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း၊ လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီးနောက် ယင်းဂိတ်စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့ ဂိတ်ကို မီးရှိူ့ရှင်းလင်းနိုင်ခဲ့ပါတယ်။ အဲဒီဂိတ်ကိုတော့ စစ်တပ်က ပြန်ဝင်ပြီး အထိုင်ချတာမျိုး မတွေ့ရသေးဘူး။ ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေတင်းမာနေတာ၊ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပဖို့လုပ်ဆောင်နေတာကြောင့် စစ်တပ်နဲ့ ဝေးရာမှာ နေကြဖို့ အသိပေး တိုက်တွန်းချင်တပါတယ်” ဟု သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ ဗိုလ်တိမ်တိုက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ စစ်တပ်ဂိတ်စခန်း ရှင်းလင်းနိုင်ခဲ့သော စစ်ဆင်ရေးတွင စစ်တပ်ထံမှ ကာဘိုင် ၁ လက်၊ MA 1 ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၁၅၀ တောင့်နှင့် မိုဘိုင်းလ်ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ်ဂိတ်စခန်းသိမ်း စစ်ဆင်ရေးကို သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ၊ သာယာ၀တီခရိုင် ပကဖ (ရွှေတန်းမြေ)၊ လက်ပံတန်းမြို့နယ် ပကဖ (အထူးတိုက်ခိုက်ရေးအဖွဲ့) တို့မှ တပ်ပေါင်းစု ညီအစ်ကိုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article