ဒီကနေ့ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ စစ်တပ်က ထိုးစစ်တွေ ပြင်းပြင်းထန်ထန် ပြန်လည်ဆင်နွှဲလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ ပြင်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းနှစ်ဖက်စလုံးမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းတွေက မြို့ပြင်ဘက်ကို ထွက်ခွာလာနေမှုကြောင့် ဖြစ်တယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်နဲ့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့နေရာနဲ့ စစ်ကူ စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်သား ၃၄ ဦး သေဆုံးပြီး လက်နက်မျိုးစုံ ၁၁ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




