32 C
Yangon

ဝက်လက်မြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၂ နှစ်အရွယ် ကလေး အပါအဝင် မိသားစုဝင် ၅ ဦးသေဆုံးပြီး ကလေးရုပ်အလောင်းသာ ပြန်တွေ့ရကာ ကျန်ရုပ်အလောင်းများ ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၅ ဦးလုံးသေဆုံးပြီး ကလေးငယ်၏ ရုပ်အလောင်းသာ ရှာဖွေတွေ့ရှိသေးကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၆ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော J-Fighter ၁ စီးက ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း တစ်အိမ်ထဲတွင် အတူနေထိုင်သည့် မိသားစုဝင် ၅ ဦးဖြစ်သော အသက် ၂၅ နှစ် အရွယ် ကိုရှိုင်းကို ၊ အသက် ၂၄ နှစ်အရွယ် မစုမြတ်လင်း ၊ အသက် ၂ နှစ် အရွယ် ရွှေပုံစံ ၊ အသက် ၂၁ နှစ် အရွယ် မောင်မာင်ဝင်း နှင့် အသက် ၄၀ နှစ် အရွယ် ရန်နိုင်ဝင်း တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကလေးငယ်များ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိပြီး နေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ် ၂ ဦး ပါအဝင်ပြီး ၁ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

“စစ်ခွေးဂျက်ဖိုက်တာ ဗုံးကျဲတာက နေအိမ်ပေါ် တည့်တည့်ကျတာ အဲတာကြောင့် နေအိမ်ထဲမှာရှိနေတဲ့ မိသားစုဝင် အားလုံးသေဆုံးရတယ်။ ဒဏ်ရာရတဲ့ထဲမှာ ကလေးငယ်တွေပါတယ်။ တစ်ဦးကမျက်လုံးကိုမှန်တယ်။ တစ်ဦးက ခေါင်းကိုမှန်တယ်။ မျက်လုံးကို ဗုံးစထိမှန်တဲ့ ကလေးက စိုးရိမ်ရတယ်။ ရုပ်အလောင်းတွေက တစစီလိုက်ကောက်ရတဲ့ အနေအထားမှာရှိတယ်။ ကိုရှိုင်းကိုနဲ့ မစုမြတ်လင်းတို့ လင်မယား သူတို့ရဲ့ သမီးလေးက ရွှေပုံစံ နောက်ပြီး မောင်မာင်ဝင်း နဲ့ ရန်နိုင်ဝင်း တို့က သူတို့ရဲ့ ညီအကိုတွေလို့ သိရတယ်။ ၅ ဦးလုံးက မိသားစုဝင်တွေပါ” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article