23 C
Yangon

ဒီမိုကရေစီရည်မှန်းချက်ချင်းတူရင် PDF တွေ ဥပဒေဘောင်ထဲ ဝင်ခဲ့ဖို့ မင်းအောင်လှိုင်က ပြောဆိုပြီး အပစ်ရပ် တိုင်းရင်းသားတွေ ကတိကဝတ် ချိုးဖောက် ငြိမ်းချမ်းရေးလမ်းကနေ သွေဖယ်ခဲ့တယ်လို့ အပြစ်တင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီရည်မှန်းချက်ချင်းတူရင် ဥပဒေဘောင်ထဲ PDF တွေ ဝင်ခဲ့ဖို့ ဖိတ်ခေါ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဒီနေ့ ပြင်ဦးလွင်မှာ လုပ်တဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲမှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဲဒီလို ထုတ်ဖော်ပြောဆိုလာတာပါ။

ဒီမိုကရေစီကို နောက်ပြန်ဆွဲနေတာက လက်နက်ကိုင်လမ်းစဉ်ဖြစ်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ရည် မှန်းချက်ချင်း တူညီကြရင် PDF တွေနဲ့ လက်နက်ကိုင်တွေ ဥပဒေဘောင်ထဲ ဝင်ခဲ့ကြဖို့ ဖိတ်ခေါ်တယ်လို့ မင်းအောင်လှိုင်က ပြောဆိုတာပါ။

“ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင်လမ်းစဉ်ကြောင့် ဖြစ်တယ်ဆိုတာ ရှုမြင်ဖို့ အချိန်ကျနေပြီဖြစ်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံ တဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက် တူကြရင် ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ နိုင်ငံတော်က ကြိုဆို ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း ပြောကြားလိုတယ်”လို့ မင်းအောင်လှိုင်က ပြောပါတယ်။

ဒ့ါအပြင် အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်ကို အကြောင်းပြ လက်ညှိုးထိုးပြီး ကတိကဝတ်တွေချိုးဖောက်လို့ ငြိမ်းချမ်းရေး လမ်းကြောင်းကနေ သွေဖယ်သွားတယ်လို့ မင်းအောင်လှိုင်က အပြစ်တင်ပြန်ပါတယ်။

” ဒီနိုင်ငံရေးဖြစ်စဉ် အကြောင်းတရားကို လက်ညိုးထိုးပြီး NCA မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ဟာ ရှိထားပြီးသား ကတိကဝတ်တွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေး လမ်းကြောင်း သွေဖယ်မှု ပြုလုပ်ခဲ့ကြတယ်” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

မင်းအောင်လှိုင်က စစ်တပ်အနေနဲ့ နိုင်ငံအတွက် အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေမှာဖြစ်ပြီး ငြိမ်းချမ်းရေး လိုချင်ရင် ဖြစ်သင့်ဖြစ်ထိုက်တာတွေကိုပဲ တောင်းဆိုရမယ်လို့ မင်းအောင်လှိုင်က အထက်စီးကနေ ပြောဆိုသွားပါတယ်။

ရွေးကောက်ပွဲကို မကြာမီမှာ ကျင်းပမှာဖြစ်ပေမယ့် ဖျက်လို့ ဖျက်ဆီးလုပ်နေသူတွေက ရွေးကောက်ခံအစိုးရ ပေါ်လာရင် နေရာပျောက်မှာစိုးလို့ ရွေးကောက်ပွဲကို ဖျက်ဆီးနေကြတာလို့ သူက ဆက်လက် အပြစ်ဖို့ သွားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article